ပရိသတ်ကြီးရေ....ကျိန်စာသင့်သမိုင်းတွေထဲကမှ အီဂျစ် မြို့တော် "Luxor"မှာရှိတဲ့ ဘုရင် တူတန်ခမာန် (Tutankhamun) ဂူဗိမ္မာန် ကျိန်စာဟာ ဒီနေ့ခေတ်အထိ လူသိများ ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။ ခရစ်နှစ်မတိုင်မီ BC ၁၃၃၃ မှ BC ၁၃၂၃ အထိ ရှေးအီဂျစ်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ဘုရင်တစ်ပါးကတော့ တူတန်ခမာန်ပဲ ဖြစ်ပါတယ်။ အသက်အရွယ် ငယ်ရွယ်ပြီး ထက်မြတ်တဲ့ ဘုရင်လေး တူတန်ခမာန်ဟာ ကံမကောင်းစွာနဲ့ဘဲ ဘုရားဝတ်ပြုကျောင်းထဲမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

photo credit Wikipedia

သေဆုံးသွားပြီးနောက် သူ့ရဲ့ ရုပ်အလောင်း ခန္ဓာကိုယ်ကို "Luxor" မြို့လေးမှာ မံမီပြုလုပ်ပြီး ဂူဗိမ္မာန်လေးနဲ့ ကျကျနန ဆောက်လုပ်မြှုပ်နှံထားခဲ့တာပါ။ အဲ့ဒီနောက် ၁၉၂၂ခုနှစ်၊ နိုဝင်ဘာလမှာ နယ်ချဲ့ကိုလိုနီတွေ ရောက်ရှိလာကြပြီး တူတန်ဘုရင်လေးရဲ့ ဂူဗိမ္မာန်လေးကို ခက်ခက်ခဲခဲ ရှာဖွေ တူးဖော်ခဲ့ကြပါတယ်။ တူးဖော်တွေ့ရှိခဲ့တဲ့ ၁၉၂၃ ခုနှစ်မှာပဲ ရွှေအတိပြီးနေသော ဂူဗိမ္မာန်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့လို ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် ကံကြမ္မာဆိုးတွေ စတင်ပေါ်ပေါက်လာခဲ့ပါတော့တယ်။ ပထမဦးဆုံးထိမှန်သွားတာကတော့ တူးဖော်ရေးသမားအဖွဲ့ခေါင်းဆောင်ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးပဲ ဖြစ်ပါတယ်။ "Pharaoh's protector" လို့ခေါ်တဲ့ ဘုရင့်ဂူစောင့် မြွေဟောက်က အဲ့ခွေးလေးကို ကိုက်သတ်ခဲ့တာပါ။

photo credit Wikipedia

နောက်ပြီး တူးဖော်ရေး အဖွဲ့ကို ငွေထောက်ပံ့သူ "Lord Carnarvon" ဆိုသူဟာ ယာဉ်မတော်တစ်ဆမှုနဲ့ သေဆုံးခဲ့ပြီး "Howard Carter" (တူးဖော်ရေးအဖွဲ့ခေါင်းဆောင်) အပါအဝင် ဂူဗိမ္မာန်ထဲသို့ဝင်ရောက်သူ နှင့် သက်ဆိုင်သူ အားလုံး ၂၄ ယောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရပါတယ်။ တူးဖော်ရေး မှတ်တမ်းတင်ဖို့ ရိုက်ကူးပေးတဲ့ ဓါတ်ပုံဆရာတွေပါ သေဆုံးခဲ့ရပါတယ်။ အဲလိဇဘတ် ဘုရင်မကြီးလက်ထက်က ရှာဖွေ တူးဖော်ထားခဲ့တဲ့ ဘုရင်တူတန်ခမာန်ရဲ့ တန်ဖိုးမဖြတ်နိုင်သော ရွှေမျက်နှာဖုံး၊ ခေါင်းတစ်လားကြီးနှင့် ရွှေနဲ့လုပ်ထားသော လူ့အသုံးအဆောင် ပစ္စည်းတွေဟာ ဒီနေ့ခေတ် လန်ဒန်မြို့ရဲ့ တူတန်ခမာန် သမိုင်းပြတိုက်မှာ ထားရှိထားတာပါ။ အထက်မှာ ပြောသွားခဲ့တဲ့ အိမ်မွေး တိရိစ္ဆာန်လေးနဲ့ လူအများအပြား သေးဆုံးခဲ့တာဟာ တိုက်ဆိုင်မှုလား တစ်ကယ်ပဲ ကျိန်စာကြောင့်လားဆိုတာ ထင်မြင်ယူဆချက်လေးတွေ ပေးသွားပါဦးနော်။

Source သံ ဇဉ် မိုးဇတ်

photo credit pngtree

photo credit Wikipedia
photo credit Wikipedia

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။