ကိုယ့်ဇနီးဖြစ်သူ၊ ချစ်သူဖြစ်သူနဲ့ နှစ်ကိုယ်ကြားအတူရှိရတာပျင်းဖို့ကောင်းလာပြီဆိုရင် ဒါတွေလုပ်ဆောင်သင့်နေပါပြီ။

အိပ်ရာခင်းအနီရောင်လဲပါ

အခုချက်ချင်းထပြီး ရွှန်းစိုနေတဲ့အနီရောင် အိပ်ရာခင်းတစ်စုံကို လဲလှယ်လိုက်ပါ။ ဘာမှမဆိုင်ပါလားလို့ တွေးကောင်းတွေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း အရောင်တွေဆိုတာက လူတွေရဲ့စိတ်ကို ပြောင်းလဲစေတဲ့ အစွမ်းသတ္တိရှိတယ်နော့်။ အနီရောင်က သင်တို့ရဲ့ဟော်မုန်းတွေကို တက်ကြွအောင် ပြောင်းလဲပေးနိုင်မှာဖြစ်ပြီး အရင်ကထက် ပိုမိုဆွဲဆောင်မှုရှိတဲ့ ချစ်တင်းနှောမှုမျိုးကို ရရှိစေမှာ အမှန်ပါပဲ။

မှန်ကန်တဲ့အစားအသောက်ကိုရွေးချယ်ပါ

အစားအသောက်နဲ့ ချစ်တင်းနှောတာနဲ့က ဆက်စပ်တယ်ဆိုတာကိုတော့ အားလုံးသိပြီးသားဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့် အလုပ်ပင်ပန်းတဲ့အရင်လတွေတုန်းက Fast Food တွေနဲ့ ခေါက်ဆွဲခြောက်တွေပဲ စားနေမိတယ်ဆိုရင် အခုလက်ရှိ သင့်တို့ရဲ့ချစ်ခရီးက တော်တော်ငြီးငွေ့စရာကောင်းနေမယ်ဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။ ပန်းသီး၊ ဖရဲသီးနဲ့ ငှက်ပျောသီးကို အဆာပြေစားပါ။ ပျင်းရင်လည်းစားပါ။ ဒီအသီးသုံးမျိုးက သင့်ရဲ့ ကိုယ်ခန္ဓာထဲက ဟော်မုန်းတွေကို အပြောင်းအလဲလုပ်ရာမှာလည်း အရေးပါတယ်လို့ ဆိုထားလို့ပါပဲ။

အိပ်ရေးဝအောင်အိပ်ပါ

ချစ်တင်းနှောတာမှ မဟုတ်ပါဘူး။ အိပ်ရေးမဝရင် ဘာဆိုဘာမှ လုပ်ချင်ကိုင်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ အသေအချာပါပဲ။ အားလုံးလည်း ခံစားဖူးမှာပါ။ ဒါကြောင့် ရင်ခုန်ကြည်နူးဖွယ်ကောင်းတဲ့ ချစ်ခရီးကို ပိုင်ဆိုင်ချင်ရင် အိပ်ရေးဝအောင် အိပ်ကြပါ။ အကြောင်းပြချက်ကတော့ အားလုံးသိပြီးသားမို့ ရှည်ရှည်ဝေးဝေးရှင်းမပြတော့ဘူးနော်။

လေ့ကျင့်ခန်းလုပ်ပါ

သင့်ရဲ့အလုပ်ချိန်မှာ ကွန်ပြူတာအကြည့်များလို့ ဇတ်ကြောတွေတက်နေမယ်။ မီးဖိုချောင်ထဲမှာပဲ တစ်နေကုန် တကုပ်ကုပ် အလုပ်လုပ်နေရလို့ တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေမယ်။ ဒါဆိုရင်တော့ သေချာပါတယ်။ သင့်အပြစ်မဟုတ်ပါဘူး။ ဒီလောက် ကိုယ်ခန္ဓာမပေါ့မပါးပဲ ဘယ်သူမှ ချစ်တင်းနှောချင်စိတ်ရှိမှာမဟုတ်ပါဘူး။ အဲဒီ့အတွက် လေ့ကျင့်ခန်းလုပ်ရပါလိမ့်မယ်။ Yoga ဆော့တာပဲဖြစ်ဖြစ်၊ Aerobic ဆော့တာပဲဖြစ်ဖြစ်။ သင့်ရဲ့ကိုယ်ခန္ဓာ အကြောအချဉ်တွေ ပြေလျော့အောင်လို့ လေ့ကျင့်ခန်းယူရပါလိမ့်မယ်။

ခဏလောက်အနားယူလိုက်ပါ

ချစ်တင်းနှောတာက သင်တို့နှစ်ယောက်အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာအပြည့်နဲ့မို့လို့ နေ့စဉ်နေ့တိုင်း ချစ်တင်းနှောဖြစ်နေကြလား ကောင်မလေးရေ။ ဒါဆိုရင်တော့ သင်တို့ ပျင်းရိငြီးငွေ့သွားတာလည်း မထူးဆန်းပါဘူးနော်။ ဒါမျိုးပြဿနာဆိုရင်တော့ သင့်အတွက်လိုအပ်နေတာက Break လုပ်လိုက်ဖို့ပါပဲ။ ရက်အနည်းငယ်လောက် ချစ်တင်းမနှောပဲ နေလိုက်ပါ။ ဒါမှမဟုတ် ရက်ခြားနဲ့ ချစ်တင်းနှောတာမျိုး ကြိုးစားကြည့်ပါ။ ဘယ်သူမှတော့ မနားပဲ မိုင်ပေါင်းများစွာ ခရီးမနှင်နိုင်ပါဘူး။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။