ချစ်စဖွယ်မျက်နှာလေးနဲ့ အမြဲတန်းအရွယ်တင်နုပျိုနေသူလေးကတော့ သားလေးကောင်းသိင်္ခမိုးသူရဲ့မေမေ မိုးယုစံပါ။သူမဟာ ဗီဒီရိုဇာတ်ကားများ ရုပ်ရှင်ကားများနဲ့အနုပညာလောကထဲဝင်ရောက်လာခဲ့ပြီးပရိတ်သတ်အားပေးမှုအပြည့်အဝရရှိထားတဲ့မင်းသမီးချောလေးတစ်လက်ဖြစ်ပါတယ်။မင်းသမီးလေးမိုးယုစံဟာ ယခုအချိန်တွင်သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကိုတည်ထောင်ထားပြီး ချစ်စရာသားသားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။


Photo Credit-Moe Yu San's Facebook
Photo Credit-Moe Yu San's Facebook

မကြာသေးမီကမိုးယုစံဟာသူမရဲ့facebookစာမျက်နှာတွင်စိတ်ပျော်ရင်လူပါလှတယ်တဲ့ဒါ့ကြောင့်စိတ်ကိုပျော်အောင်နေပါတယ်ဆိုတဲ့captionလေးနဲ့ပုံအလန်းလေးတွေကိုတင်ပေးလာပါတယ်။သူမဟာ အနက်ရောင်ဝတ်စုံလေးကိုပေါ့ပေါ့ပါးပါးဝတ်ဆင်ထားပြီး ချစ်စဖွယ်အပြုံးလေးတွေနဲ့အသည်းယားဖွယ်ပို့စ်လေးတွေကိုပေးနေတာပါ။မေမေမိုးယုစံကတော့ တကယ်ကိုတစ်သားမွေးတစ်သွေးလှနေတာပါပဲနော်။


Photo Credit-Moe Yu San's Facebook
Photo Credit-Moe Yu San's Facebook

မင်းသမီးလေးမိုးယုစံဟာအနုပညာလုပ်ငန်းများကိုပြန်လည်လုပ်ကိုင်နေပြီး ပရိတ်သတ်အချစ်ကိုတစ်ဖန်ပြန်လည်ရရှိနေပြီဖြစ်ပါတယ်။ပရိတ်သတ်ကြီးရောမိုးယုစံလေးကိုချစ်ခင်အားပေးကြမယ်မလား။ချစ်စဖွယ်အမူအရာလေးနဲ့ဆွဲဆောင်မှုရှိလှတဲ့မိုးယုစံရဲ့ပုံရိပ်တွေကိုပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Moe Yu San's Facebook
Photo Credit-Moe Yu San's Facebook

Source-Moe Yu San's Facebook

Photo Credit-Moe Yu San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။