မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ကောင်းမြတ်စံကတော့ ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ရုပ်ရည်လေးကလည်း ကိုရီးယားမင်းသားလေးလို ချောမောခန့်ညားနေတဲ့ ကောင်းမြတ်စံက ပျိုမဒီလေးတွေရဲ့ဝိုင်းဝိုင်းလည်အားပေးခြင်းခံနေရတာ ဖြစ်ပါတယ်။ ကောင်းမြတ်စံက မိန်းကလေးပရိသတ်တွေ အများအပြားရရှိပြီး ပရိသတ်တွေကြားမှာ ရေပန်းစားဆိုရင်လည်း မမှားပါဘူး။

Photo Credit- Kaung Myat San's FB
Photo Credit- Kaung Myat San's FB
Photo Credit- Kaung Myat San's FB

ယနေ့အချိန်အထိ ဇာတ်လမ်းတွဲပေါင်းမြောက်များစွာကို ရိုက်ကူးခဲ့တဲ့ ကောင်းမြတ်စံက ကြော်ငြာတွေလည်း မနားတမ်းရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကောင်းမြတ်စံက ပွဲအခမ်းအနားတော်တော်များများကိုတက်ရောက်နေရတဲ့ ပရိသတ်အချစ်တော်လေးတစ်ဦးလည်း ဖြစ်ပါတယ်။ ယောက်ျားပီသပြီး ပျိုတိုင်းကြိုက်နှင်းဆီခိုင်လို့တောင်ဆိုနိုင်တဲ့ ကောင်းမြတ်စံက အခုလည်း မိန်းကလေးပရိသတ်တွေရဲ့နှလုံးသားကို ကြွေသွားအောင်ဖမ်းစားလိုက်ပါတယ်။

Photo Credit- Kaung Myat San's FB
Photo Credit- Kaung Myat San's FB

ကောင်းမြတ်စံက ရေကူးကန်ထက်မှာ အေးအေးဆေးဆေးအပန်းဖြေအနားယူရင်း အမိုက်စားပို့စ်လေးတွေပေးထားတဲ့ ဗီဒီယိုလေးကို Tik Tok မှာတင်လိုက်တာ ဖြစ်ပါတယ်။ Sexy ကျပြီး ဆွဲဆောင်မှုရှိနေတဲ့ ကောင်းမြတ်စံကတော့ အကြည့်တစ်ချက်နဲ့တင် ရင်ခုန်သံမြန်အောင်ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး ကောင်းမြတ်စံရဲ့ အမိုက်စားဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Kaung Myat San's FB & Tik Tok 

Photo Credit- Kaung Myat San's FB
Photo Credit- Kaung Myat San's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။