ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဂီဘက်မှာရော သရုပ်ဆောင်ဘက်မှာပါ ထူးချွန်ပြီး အောင်မြင်ကျော်ကြားတဲ့ ဝါရင့်အနုပညာရှင်ကတော့ အကယ်ဒမီမင်းသမီးချော ထွန်းအိန္ဒြာဗိုလ်ပဲ ဖြစ်ပါတယ်နော်..။

သူမရဲ့ချိုသာတဲ့ အသံပါဝါကောင်းကောင်းနဲ့ တေးသီချင်းကောင်းလေးတွေဟာ ပရိသတ်တွေရဲ့ရင်ထဲယနေ့အချိန်ထိ နေရာယူထားသလို သဘာဝဆန်ဆန်နဲ့ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့်လည်း အနုပညာလောကမှာ အခိုင်အမာအောင်မြင်နေတာပါပဲနော်..။


Photo Credit - Htun Aeindra Bo’s Facebook
Photo Credit - Htun Aeindra Bo’s Facebook

ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောထွန်းအိန္ဒြာဗိုလ်ကတော့ ဗိုလ်ချုပ်ပိုက်ဆံတွေ ထွက်ပေါ်လာအပေါ်မှာလည်း ဝမ်းသာဂုဏ်ယူတဲ့ အကြောင်းလေးတွေနဲ့ ငယ်ငယ်ကလည်း သုံးခဲ့ဖူးတဲ့အကြောင်းလေးတွေကို ပြောပြလာပါတယ်..။

ဗိုလ်ချုပ်ပုံပါ တစ်ထောင်တန်တွေထွက်လာလို့ ဂုဏ်ယူမိသလို ဗိုလ်ချုပ်ပိုက်ဆံတွေကို ငယ်ငယ်ကလည်း သုံးဖူးပြီး သိပ်ငယ်သေးတဲ့ အရွယ်မှာမို့ အရင်တုန်းကတော့ ဗိုလ်ချုပ်ပိုက်ဆံတွေကို သိမ်းထားဖူးတာ မရှိပါဘူးဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Htun Aeindra Bo’s Facebook
Photo Credit - Htun Aeindra Bo’s Facebook

တစ်ထောင်တန်နဲ့ တစ်သောင်းတန်မှားနိုင်တယ်လို့ ပြောကြတဲ့အပေါ်မှာလည်း နိုင်ငံခြားမှာ ပိုက်ဆံကိုကတ်နဲ့သုံးတာများတယ် မြန်မာနိုင်ငံမှာက ပိုက်ဆံကို အထပ်လိုက်သုံးတာဆိုတော့ တစ်ထောင်တန်နဲ့ တစ်သောင်းတန် မှားနိုင်ပါတယ် ဆိုပြီးတော့လည်း မခိုင်ကြီးက ပြောပြထားပါသေးတယ်..။

ဝေဖန်မှုတွေကိုတော့ အပြုသဘောနဲ့ အကျိုးအကြောင်း ဆီလျော်အောင် ထောက်ပြတယ်ဆိုရင် ဘယ်အရာမဆို လက်ခံပြီး လတ်တလောမှာတော့ သီချင်းလုပ်ဖို့ အကြွေးတွေအများကြီး ရှိနေကာ လောလောဆယ်မှာတော့ ပွဲတက်တွေနဲ့ အလုပ်များနေတဲ့အကြောင်း ပြောပြထားတဲ့ မခိုင်ကြီးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Htun Aeindra Bo’s Facebook
Photo Credit - Htun Aeindra Bo’s Facebook

Photo Credit - Htun Aeindra Bo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။