ဘောလုံးဆိုတာလူတော်တော်များများ ကြိုက်နှစ်သက်တဲ့ အားကစားတစ်ခုဖြစ်တာကို ငြင်းလို့မရပါဘူး။ ကမ္ဘာနဲ့တစ်ဝှမ်းမှာဆိုရင် ဘောလုံးအားကစားဟာဆိုရင် နေရာရရှိတဲ့ အားကစားတစ်ခုဖြစ်ပါတယ်။ တချို့ဘောလုံးကစားသမားတွေဆိုရင် အနပညာတွေထက် ဝင်ငွေများပါတယ်။ ဘောလုံးအားကစားအောင်မြင်သလို ဘောလုံးဂိမ်းတွေဟာလဲ အောင်မြင်ပါတယ်။ FIFA တို့ Football Manger တို့ဆိုရင် လူဆော့ကစားများ လူကြိုက်များတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ 

အဲ့ဒီလိုပဲ ဖုန်းပေါ်မှာဆိုရင်လဲ ဘောလုံးကြိုက်ပရိသတ်တွေအတွက် ဂိမ်းတွေထွက်ရှိလို့ထားပါတယ်။ ဘောလုံးဖုန်းဂိမ်းကောင်းကောင်းလေးတွေထဲက တစ်ခုဖြစ်တဲ့ Dream League Soccer ဟာဆိုရင်လဲ ဆော့ကစားသူများ ကြိုက်နှစ်သက်ကြတဲ့ ဂိမ်းတစ်ခုပါပဲ။ ဒီတစ်ခါ Dream League Soccer ဟာဆိုရင် အရင်တုန်းကလူတွေဆော့ကစားခဲ့ကြတဲ့ ကစားသမားတွေရဲ့ နာမည်ပဲပါပြီး ရုပ်မပါတဲ့ဟာမဟုတ်ပဲ နာမည်ရော ရုပ်ပါပါတဲ့ ဂိမ်းဖြစ်ပါတယ်။ ပရိသတ်ထဲက တချို့လဲ ခုဂိမ်းကို သိရှိကြမှာပါ။ 

ဒီဂိမ်းလေးဟာဆိုရင် ရုပ်ထွက်လဲကောင်းပြီး ဆော့ကစားရတာဟာလဲ FIFA တို့ PES တို့လိုပါပဲ။ ကစားလို့ကောင်းပြီး ဂိမ်းထဲမှာ ကစားသမားတွေရဲ့ နာမည် ရုပ်ပုံစတာတွေကို အသုံးပြုဖို့ လိုင်စင်ရထားတဲ့အတွက် ဖုန်းပေါ်က တခြားသောဘောလုံးဂိမ်းတွေထက် ဆော့ကစားရတာမိုက်ပါတယ်။ ကိုယ်ပိုင်အသင်းထောင်လို့လဲရပြီး ကိုယ်စိတ်ကြိုက်ကစားသမားကိုလဲပြုလုပ်လို့ရပါတယ်။ အဲ့အပြင် ကိုယ်ပိုင် ဘောလုံးကွင်းလဲ ပြုလုပ်လို့ရပြီး ကိုယ်စိတ်တိုင်ကျ ဖန်တီးလို့ရပါတယ်။ ဒါကြောင့်ပဲ အခု ကိုယ်ပိုင်အသင်းထောင်ပြီး ဖလားကို လက်ပိုက်ယူလိုက်ပါ။ 

သတင်းအရင်းမြစ် : Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။