ခုဖော်ပြမဲ့ဂိမ်းလေးကတော့ တခြားဂိမ်းတွေလို ပရိသတ်တွေနဲ့မရင်နှီးပေမဲ့ ကိုယ်ဘဝကြီးတစ်ခုဖြစ်လာဖို့အတွက် အစပြုခဲ့တဲ့အကောင်လေးနဲ့တော့ ရင်နှီးပြီးသားဖြစ်မှာပါ။ အဲ့အကောင်ကို Bio လို Sperm လို့ခေါ်ပြီး မြန်မာလိုဆို သုတ်ကောင်လို့ခေါ်ပါတယ်။ ဒီဂိမ်းလေးက သင့်ကို ဘာတွေစွမ်းဆောင်ပေးနိုင်လဲဆိုတော့ Sperm တစ်ကောင်ကနေ ဘဝကြီးတစ်ခုဖြစ်လာဖို့ ဘယ်လိုများ ပြုစုပျိုထောင်မလဲဆိုတာကို သိရှိစေပါလိမ့်မယ်။ ဘာကိုဆိုလိုချင်လဲဆိုတာကိုတော့ အောက်မှာဖော်ပြပေးထားပါတယ်။ 

ဂိမ်းရဲ့အစမှာ ကလေးတစ်ယောက်အနေနဲ့စပြီး သင့်အနေနဲ့ ဆုံးဖြတ်ချက်တွေ ချကာ ဆော့ကစားသွားရမှာပါ။ သင့်ရဲ့ဆုံးဖြတ်ချက် ပြုလုပ်ချက်တွေက အသက်ကြီးလာတဲ့အခါမှာ ကောင်းရင်ကောင်းသလို ဆိုးရင်ဆိုးသလို ဖြစ်နေပါလိမ့်မယ်။ နာမည်ကျော်ကြားတဲ့သူတွေလို ဘဝကိုအဆုံးသတ်သွားမလား လူဆိုးတစ်ယောက်လို ဘဝကို ဂျစ်ကန်ကန်နဲ့ဖြတ်သန်းသွားမလဲဆိုတာကို သင်အနေနဲ့ ရွှေးချယ်ကစားလို့ရပါတယ်။ ဆိုးနေရင်နဲ့ အကောင်းဘက်ကိုပြင်ချင်ရင်လဲရပါတယ်။ 

ကလေးတစ်ယောက်အနေနဲ့စပေမဲ့လဲ သင်ကိုယ်တိုင် ကောင်းမွန်းပြီး ပြည့်စုံတဲ့ မိဘလက်အောက်မှာကြီးပြင်းလို့ရသလို အဆင်မပြေပဲ အမြဲတမ်းပြဿနာတွေတက်နေတဲ့ မိဘလက်အောက်မှာ ကြီးပြင်းလို့လဲရပါတယ်။ ကိုယ်ကိုတိုင်မိဘတွေကို ရွှေးချယ်လို့ရပြီး ဘဝကို စွန့်စွန့်စားစားဖြတ်သန်းလို့ရပါတယ်။ တကယ်လက်တွေဘဝတစ်ခုကို ပုံဖော်နေရသလို ဆော့ကစားလို့ ကောင်းတဲ့ ဂိမ်းလေးပါပဲ။ 

သတင်းအရင်းမြစ် Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။