ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေအားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော်အနုပညာရှင်မျိုးဆက်သစ်တွေထဲမှာ ဝါရင့်သရုပ်ဆောင်ခင်လှိုင်ရဲ့သား နေရဲနဲ့ သမီးချောလေးသဇင်ထူးမြင့်တို့ကတော့ ပရိသတ်တွေရဲ့ အသည်းကျော်လေးပါပဲနော်..။

ဖခင်ရဲ့ အနုပညာအမွေတွေအပြည့်ရရှိထားကြတဲ့ နေရဲနဲ့ သဇင်ထူးမြင့်တို့ မောင်နှမနှစ်ယောက်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အတူ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကြတာကိုလည်း ပရိသတ်တွေ တွေ့မြင်ရမှာပါနော်..။


Photo Credit – Nay Ye’s Facebook
Photo Credit – Nay Ye’s Facebook

ပရိသတ်တွေရဲ့သည်းသည်းလှုပ်အချစ်တွေကို သိမ်းပိုက်ရရှိထားကြတဲ့ သူတို့မောင်နှမနှစ်ယောက်ကတော့ (၂၀၂၀)နှစ်စပိုင်းမှာပဲ မောင်နှမနှစ်ယောက်အတူ ကိုယ်ပိုင် Page လေး အတူလုပ်လိုက်တဲ့အကြောင်း ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။

Dream Create Do ဆိုတဲ့နာမည်လေးနဲ့ လုပ်လိုက်တဲ့ Page လေးမှာတော့ သူတို့ရဲ့ခရီးစဉ်တွေ Life Style တွေ၊ ဂိမ်းတွေ၊ ဇာတ်လမ်းအတိုတွေ၊ Video Vlog တွေနဲ့ သီချင်းတွေ MTV တွေကို ရသပေါင်းစုံဖြစ်အောင် တင်ပေးသွားဖြစ်ပြီး သူတို့မောင်နှမနှစ်ယောက်အပြင် မင်းခန့်ကို မင်းခန့်ညီ တို့ညီအစ်ကိုနှစ်ယောက်နဲ့ အားလုံးလေးယောက် Page ကို စပြီး လုပ်သွားဖြစ်တဲ့အကြောင်းလေး ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit – Nay Ye’s Facebook
Photo Credit – Nay Ye’s Facebook

မောင်နှမတွေကိုယ်တိုင်ပဲ အကုန်စုပြီးတော့ ကိုယ်တိုင်ဒါရိုက်တာ ကိုယ်တိုင်ကင်မရာမင်း တွေပဲလုပ်ကာ လှုပ်ရှားမှုတွေကို အကုန်တင်သွားမှာဖြစ်ပြီး ကျိုက်ထီးရိုးဘုရားဖူးသွားခဲ့တဲ့ ပျော်စရာခရီးစဉ်လေးကိုလည်း ပရိသတ်တွေအတွက် အပျော်လေးတွေကူးစက်အောင် Page မှာ တင်ပေးထားပါသေးတယ်နော်..။

ဒီကနေ့လေးမှာတော့ Page အသစ်လေး ထောင်ပြီး အနုပညာအလုပ်တွေအပြင် အခြားလှုပ်ရှားမှုတွေကိုပါ မျှဝေသွားမယ့် သူတို့ရဲ့ Dream Create Do Page လေးကို အားပေးစောင့်ကြည့်ဖို့ ပြောပြထားတဲ့ နေရဲ့ဗီဒီယိုဖိုင်ကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Thazin Htoo Myint’s Facebook
Photo Credit – Nay Ye’s Facebook

Photo Credit – Nay Ye’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။