ပရိသတ်ကြီးရေ...ဒီတစ်ခါမှာတော့ ထူးခြားဆန်းပြား မွေးမြူရေးခြံများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Giraffe Ranch Farm" (သစ်ကုလားအုပ်ခြံ) အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိ၇အောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလောအနုပညာရှင်သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports) အပါအဝင်၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

စာဖတ်ပရိသတ်ကြီး အနေနဲ့ သစ်ကုလားအုပ် တစ်ကောင်ကို အမှန်တကယ် စီးကြည့်လိုတဲ့ ဆန္ဒရှိခဲ့ပါက အမေရိကန်နိုင်ငံ ၊ ဖလော်ရီဒါ ပြည်နယ်မှာရှိတဲ့ သစ်ကုလားအုပ်ခြံသို့ သွားရောက်လည်ပတ်ရမှာ ဖြစ်ပါတယ်။ ထူးခြားအံ့သြဖွယ် ဖလော်ရီဒါ သစ်ကုလားအုပ်ခြံကြီးဟာ တိရိစ္ဆာန် ဥယျာဉ်တစ်ခုနဲ့ မတူဘဲ သဘာဝ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေး စခန်းတစ်ခုလို ဖြစ်နေတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို လွန်စွာ ရရှိထားတာ ဖြစ်ပါတယ်။

photo credit pngtree

ထိုမွေးမြူရေးခြံကြီးဟာ အချို့ ထူးခြားတဲ့ မွေးမြူရေးခြံများနှင့် မတူညီသော အချက်မှာ အဲ့ခြံကြီးသို့ လာရောက်လည်ပတ် ကြသူများအတွက် ပျော်ရွှင်စွရာတွေကို ဖွင့်လှစ်ပေးထားတာကြောင့် ဖြစ်ပါတယ်။ ဖလော်ရီဒါ မွေးမြူရေးခြံကြီးမှာ ကုလားအုတ်များသာမက မြင်းကျားများ၊ ဒရယ်များ၊ တောဝက်များ၊ ကြံ့များကိုလည်း မွေးမြူထားတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဖလော်ရီဒါခြံသို့ လာရောက်လည်ပတ်ကြသူများဟာ သစ်ကုလားအုပ်များကို အစာကြွေးနိုင်သလို ခြံအတွင်း စီးနင်းကာ လှည့်လှည်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။