ချစ်စဖွယ်မျက်နှာလေးနဲ့အမိုက်စားဘော်ဒီကောက်ကြောင်းကိုပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောလေးဆုအိမ့်စံပါ။ သူမဟာ ဗီဒီရိုဇာတ်ကားများ ကြော်ငြာများနဲ့အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဆုဆုဟာ သရုပ်ဆောင်ကောင်းမွန်ရုံသာမက အကပိုင်းတွင်လည်းထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပြီး Dancing with the stars ပြိုင်ပွဲတွင်လည်းဝင်ရောက်ယှဉ်ပြိုင်နေတာပါနော်။


Photo Credit-Hsu Eaint San's Facebook
Photo Credit-Hsu Eaint San's Facebook

ဆုဆုဟာ သူမရဲ့အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို social networkတွင်မကြာခဏတင်ပေးလေ့ရှိသူတစ်ယောက်ပါ။ မကြာသေးမီက သူမရဲ့facebookစာမျက်နှာတွင် ချစ်လို့ဆိုတဲ့captionလေးနဲ့ ချစ်စဖွယ်ဓာတ်ပုံလေးအချို့ကိုတင်ပေးလာပါတယ်။ ဆုဆုဟာရောင်စုံကလစ်လေးတွေကို ခေါင်းမှာတပ်ဆင်ထားပြီး အသည်းယားဖွယ်ပို့စ်လေးတွေကိုပါ ပေးနေတာဖြစ်ပါတယ်။


Photo Credit-Hsu Eaint San's Facebook
Photo Credit-Hsu Eaint San's Facebook

မင်းသမီးချောလေးဆုအိမ့်စံဟာ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ photo shootingများ၊ပွဲအခမ်းအနားများကိုတက်ရောက်နေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ဆုအိမ့်စံလေးကိုချစ်ခင်အားပေးကြမယ်မလား။ အသည်းယားဖွယ်ကောင်းတဲ့ဆုဆုလေးရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Hsu Eaint San's Facebook
Photo Credit-Hsu Eaint San's Facebook

Source-Hsu Eaint San's Facebook

Photo Credit-Hsu Eaint San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။