ယနေ့ ညနေပိုင်းက ဗဟန်းမြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော MPT Myanmar National League (U-19) 2020 Week 1 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချင်းယူနိုက်တက်လူငယ်အသင်းနှင့် MFF Youth အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ယခုပွဲစဉ်မှာတော့ ချင်းယူနိုက်တက်အသင်းက MFF Youth အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ထိုပွဲစဉ်၌ ချင်းယူနိုက်တက်အသင်းအတွက် ပထမပိုင်းမှာ အဖွင့်ဂိုးကို ပွဲချိန် ၁၆ မိနစ်တွင် ဖိုးချစ်က သွင်းယူပေးခဲ့ပြီး(၁-ဝ)ဂိုးဖြင့်ဦဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နောက်ထပ်ဂိုးတွေကို ပွဲချိန် ၅၀၊ ၇၅ မိနစ်များတွင် တိုက်စစ်မှူး ဖိုးချစ်တစ်ဦးတည်း သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ MFF Youth အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၆၂ မိနစ်တွင် ထူးမြတ်ခန့်က ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ယင်းပွဲစဉ်မှာလည်း နှစ်ဖက်အသင်းလုံးက ပထမဆုံး ပွဲစဉ်မှာ အနိုင်(၃)မှတ်ရရှိအောင် အကောင်းဆုံးယှဉ်ပြိုင်ကစားသွားကြတာပဲဖြစ်ပါတယ်။ချင်းယူနိုက်တက်အသင်းကတော့ လက်ရှိမှာ အနိုင်(၃)မှတ်ကို ရယူနိုင်ခဲ့ပြီး MFF Youth ကတော့ အကောင်းဆုံးကြိုးစားခဲ့ပေးမယ့်လည်း အနိုင်(၃)မှတ်နဲ့ လွဲချော်ခဲ့ရပါတယ်။

Photo Credit - Myanmar National League

Source - Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။