MPT Myanmar National League Youth (U-19) 2020 အမှတ်ပေး‌ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁) အဖြစ်ဧရာဝတီယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ပွဲချိန်ပြီးမှာတော့ ဧရာဝတီယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ကတော့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ဇန်နဝါရီလ ၁၄ရက်နေ့ညနေပိုင်းက စလင်းကွင်း၌ ကျင်းပခဲ့သော ထိုပွဲစဉ်တွင် ဧရာဝတီယူနိုက်တက်အသင်းအတွက်ပွဲချိန် ၂၂ မိနစ်တွင် ဆောင်ဦးလှိုင်က ဦးဆောင်ဂိုး သွင်ယူပေးနိုင်ခဲ့ပါတယ်။နောက်ထပ် ရှမ်းယူနိုက်တက်အသင်းရဲ့ ချေပဂိုးကို၄၂ မိနစ်တွင် ရှမ်းအသင်းအတွက် သူရအောင်က ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ဒုတိယပိုင်းတွင် ဂိုးရရှိရေး နှစ်ဖက်အပြန်အလှန်ကြိုးစား ယှဉ်ပြိုင်ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိသဖြင့် ပထမပိုင်းရလဒ်အတိုင်း ပွဲပြီးဆုံးခဲ့ခြင်းဖြစ်ပါတယ်။MPT Myanmar National League Youth ( U-19)2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁) တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း နှစ်သင်းလုံးကတော့ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် (၁)မှတ်စီ ခွဲယူခဲ့ပြီလည်းဖြစ်ပါတယ်။

Photo Credit - Myanmar National League

Source - Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။