ရုပ်ရည်လေးက ချောမောလှပသလို သရုပ်ဆောင်ပိုင်းမှာလည်း အရည်အချင်းအပြည့်ရှိတဲ့ မင်းသမီးချောလေးကတော့ ပရိသတ်အချစ်တော် ပိုးအိအိခန့်ပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရပြီး အနုပညာလောကမှာ အောင်မြင်နေတဲ့ ပိုးအိအိခန့်ကိုတော့ ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။ အခုတော့ ပိုးအိအိခန့်က အိမ်ထောင်ကျပြီး သားလေးတစ်ယောက်တောင်ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။

Photo Credit-Alinn Yaung
Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

နိုင်ငံ့ဂုဏ်ဆောင် ဘောလုံးသမားအောင်သူနဲ့ ထိမ်းမြားလက်ထပ်ခဲ့တဲ့ ပိုးအိအိခန့်က အခုဆိုရင် ချစ်စရာသားလေးနဲ့အတူ သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးမှာ ပျော်ရွှင်နေရပြီ ဖြစ်ပါတယ်။ သွင်ဦးဟန် (ခေါ်) ကိုကိုးလေးလို့ အမည်ပေးထားတဲ့ သားလေးကိုတော့ ပိုးအိအိခန့်က တုန်နေအောင် ချစ်ရတာ ဖြစ်ပါတယ်။ အခုလည်း ပိုးအိအိခန့်က ပထမဆုံးရင်သွေးရတနာလေးဖြစ်တဲ့သားလေးကို ရူးအောင်ချစ်ရကြောင်း ရေးသားမျှဝေထားပါတယ်။

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

ပိုးအိအိခန့်က " မေ့သဲ ပိစိတုန်း ချစ်ချစ်တုန်း တစ်နေ့ တစ်နေ့ သူ့ကြောင့်နဲ့ အငြင်းပွားရတာလည်းအမော သမီးသားလေးကို ဟိုဟာမလုပ်ပါနဲ့ ဒီဟာမလုပ်ပါနဲ့ ဟိုလို မထားပါနဲ့ ဒီလိုမထားပါနဲ့ ခုဆို ဖြည့်စွက်စကျွေးရတော့မယ် ထပ်အငြင်းပွားဖို့ အားမွေးထားတယ် စိတ်မဆိုးပါနဲ့ မွေးမေမေ သမီးက သားဦးမို့ သွက်သွက်ခါအောင်ရူးနေရလို့ ပါ nearly 6 months မေ့ဘေဘီကိုး" ဆိုပြီး သားလေးကြောင့် သူမရဲ့မိခင်နဲ့တောင်အငြင်းပွားရကြောင်း ရင်တွင်းခံစားချက်လေးတွေကို ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်။

Source & Photo Credit-Poe Ei Ei Khant's FB 

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။