ပရိသတ်ကြီးရေ.. ဘိုမရုပ်လေးလိုချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော်လေးကတော့ ဝါဆိုမိုးဦးရဲ့ချစ်စရာကောင်းလွန်းတဲ့ ညီမချောလေး သင်ဇာပဲ ဖြစ်ပါတယ်နော်..။

ညို့အားပြင်းတဲ့အလှတွေနဲ့ ဖမ်းစားထားတဲ့ သင်ဇာလေးကတော့ အပြစ်ပြောရက်စရာမရှိအောင် ဘိုမရုပ်လေးလို ချစ်စရာကောင်းလွန်းတဲ့အပြင် ချောမောလှပတဲ့မျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ခန္ဓာ ကောက်ကြောင်းအလှကိုလည်း ပိုင်ဆိုင်ထားတာမို့ ပုရိသပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကိုပါ ပိုင်ဆိုင်ထားသူလေးပါ..။


Photo Credit - Thinzar's Facebook
Photo Credit - Thinzar's Facebook

မြင်သူတိုင်းကို အချစ်ပိုစေတဲ့ အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားတတ်တဲ့ သင်ဇာလေးကတော့ Ro တဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲလေးကို ကြည့်ပြီးတော့ အရမ်းကိုကြည်နူးအားကျမိတယ်ဆိုပြီး ချစ်စဖွယ်လေး ပြောပြလာပါတယ်နော်..။

“အဲ့ဒီအတိုင်းပဲလေ ကိုနေဝင်းအတွဲကိုကြည့်ပြီးတော့ အရမ်းအားကျပါတယ် ကိုယ်ကလည်း အသက်ငယ်တယ် တစ်ခါမှလည်း Surprise တွေဘာတွေ မဖြစ်ဖူးတော့ ကြည်နူးလိုက်တယ်..” ဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်..။


Photo Credit - Thinzar's Facebook
Photo Credit - Thinzar's Facebook

အစ်မဖြစ်သူ ဝါဆိုမိုးဦးနဲ့ ဖြိုးလေးတို့ စုံတွဲလေးကိုလည်း သူတို့စိတ်နဲ့သူတို့ အရေးကြီးတာမို့ အနုပညာကိုပဲ ဒီ့ထပ်ပိုပြီး အလုပ်ကို ကြိုးစားမလားတော့ မသိပေမယ့် ယူလည်းယူစေချင်တယ် အလုပ်ကိုလည်း ဒီထက့်ပိုပြီးအောင်မြင်အောင် လုပ်စေချင်တယ်ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။

သင်ဇာလေးကတော့ သူမအနေနဲ့ ချစ်သူထားဖြစ်မယ်ဆိုရင် နည်းနည်းယောကျ်ားဆန်ပြီး ယောကျ်ားပီသကာ စိတ်ဓာတ်ကောင်းမွန်တဲ့ လူမျိုးကို ရွေးချယ်သွားမှာဆိုပြီးတော့လည်း ပြောပြထားတဲ့ သင်ဇာ့ရဲ့ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Thinzar's Facebook
Photo Credit - Thinzar's Facebook

Photo Credit - Thinzar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။