မိတ်ကပ်လိမ်းခြယ်ရာတွင် စေတနာထားကာ လိမ်းခြယ်မှုကြောင့် အောင်မြင်မှုတွေများစွာရရှိထားသူကတော့ မိတ်ကပ်ပညာရှင် မထက်(Pop Soul) ပဲ ဖြစ်ပါတယ်။ သူမဟာ ကျော့ရှင်းလှပတဲ့အလှတရားတွေကိုပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပြီး ပုရိသတွေပါ သူမရဲ့အလှတွေအောက်မှာ ကျဆုံးနေရတာပါ။ မထက်ဟာ မိတ်ကပ်လောကတွင် အောင်မြင်ရုံသာမကဘဲ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရပြီး အနုပညာဘက်တွင်ပါ ထင်ရှားကျော်ကြားနေတာပါ။ 

Photo Credit- Htet Htet Htet’s Facebook
Photo Credit- Htet Htet Htet’s Facebook
Photo Credit- Htet Htet Htet’s Facebook

သူမဟာ မကြာခင်ကလည်း ညီအစ်မလိုခင်ရသူတွေဖြစ်တဲ့ မကြီးစန်း၊ လင်းလင်း၊ ညီညီမောင်(စမ်းချောင်း) တို့နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးပြီးစီးခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်များမှတစ်ဆင့် ပရိသတ်တွေကိုဝေမျှလေ့ရှိရာ အခုတစ်ခါမှာလည်း ရှုတင်ပုံရိပ်လေးတွေ တင်ပေးထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Htet Htet Htet’s Facebook
Photo Credit- Htet Htet Htet’s Facebook
Photo Credit- Htet Htet Htet’s Facebook

ဒါကတော့ ရှုတင်မှာ မင်းသားချောလေးအောင်ရဲလင်းရဲ့ဆံပင်ကေကိုပုံကျလှပစေရန်အတွက် ဂရုတစိုက်နဲ့လုပ်ပေးနေတဲ့ ပုံရိပ်လေးပါ။ မထက်ဟာ အောင်ရဲလင်းမော်ဒယ်ဘဝမှစပြီး သူ့ရဲ့Hair Stylish အဖြစ်ဆောင်ရွက်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit- Htet Htet Htet’s Facebook

Photo Credit- Htet Htet Htet’s Facebook
Photo Credit- Htet Htet Htet’s Facebook
Photo Credit- Htet Htet Htet’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။