ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ချစ်စဖွယ်မျက်နှာလေးကြောင့်ပရိတ်သတ်အားပေးမှုရရှိထားတဲ့သူလေးကတော့ Mrtv-4ရဲ့မင်းသမီးချောလေးဝင့်ယမုံနိုင်ဖြစ်ပါတယ်။သူမဟာ The Sign of Loveဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲတွင် မာယာချိုအဖြစ်နဲ့ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါ့ပြင် မင်းသမီးချောလေးဝင့်ယမုံနိုင်ဟာ ပွဲအခမ်းအနားများလည်းတက်ရောက်နေပြီး အနုပညာလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။


Photo Credit-Wint Yamone Naing's Facebook
Photo Credit-Wint Yamone Naing's Facebook

မကြာသေးမီက ဝင့်ယမုံနိုင်ဟာသူမရဲ့facebookစာမျက်နှာတွင် အမှုသွားစုံစမ်းရင်းလည်းဓာတ်ပုံရိုက်တတ်ရတယ်ဆိုတဲ့captionလေးနဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။သူမဟာအနုပညာမောင်နှမများနဲ့အတူရိုက်ကွင်းမှာ ပျော်ပျော်ရွှင်ရွှင်ဓာတ်ဖမ်းနေတာဖြစ်ပါတယ်။ဒါ့ပြင် ဝင့်ယမုံနိုင်ဟာCIDရဲမေတစ်ယောက်အနေနဲ့ခပ်မိုက်မိုက်ပို့စ်လေးတွေကိုပါပေးနေပါသေးတယ်နော်။

Photo Credit-Wint Yamone Naing's Facebook
Photo Credit-Wint Yamone Naing's Facebook

သူမဟာ ယခုလတ်တလောတွင် Mrtv-4ရဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အခန်းနံပါတ်ဆိုတဲ့ ဇာတ်လမ်းတွဲတွင်CIDရဲမေတစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်းဒီဇာတ်လမ်းတွဲလေးကိုသဘောကျကြတယ်မလား။ ရိုက်ကွင်းမှာခပ်မိုက်မိုက်ပို့စ်လေးတွေနဲ့ လန်းနေတဲ့မင်းသမီးလေးဝင့်ယမုံနိုင်ရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Wint Yamone Naing's Facebook
Photo Credit-Wint Yamone Naing's Facebook

Source-Wint Yamone Naing's Facebook

Photo Credit-Wint Yamone Naing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။