မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်တတ်ပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကိုတော့ ချစ်ပရိသတ်ကြီး ချစ်မှာပါ။ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ ဘေဘီမောင်ကတော့ သရုပ်ဆောင်ပိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Baby Maung 's facebook
photo credit : Baby Maung 's facebook

သူမကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ ညီမဖြစ်သူနဲ့ မောင်ဖြစ်သူကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ သူမကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို ချစ်ရတဲ့ မိသားစုလေးကိုလဲ အချိန်အပြည့်အဝပေးနေသူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ချစ်စရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။ 

photo credit : Baby Maung 's facebook
photo credit : Baby Maung 's facebook

သူမကတော့ " ကျမရဲ့ ချစ်ရသောမောင်လေးနဲ့ညီမလေး ဒီမောင်တွေညီမတွေအတွက် ဘယ်အရာမဆိုမားမားမတ်မတ်ရပ်တည်မယ့် အမကြီးတစ်ယောက်ပါ ကျမမောင်နှမတွေကိုထိခိုက်နစ်နာအောင်လုပ်မယ့်သူဆိုရင်တော့ခွင့်လွှတ်မှာမဟုတ်ဘူး " ဆိုပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Baby Maung 's facebook
photo credit : Baby Maung 's facebook

source: Baby Maung 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။