ကြည်လင်ဝင်းပတဲ့ အသားအရည်လေးကိုပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးချင်းတောင် ကြွေနေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်။ သူမဟာ အသက်(၃၀)ကျော်လို့ ထင်ရက်စရာမရှိလောက်အောင် နုပျိုလှပနေသူတစ်ဦးပါ။ သူမရဲ့ ကလေးဆန်တဲ့ ချစ်စရာအမူအရာလေးတွေလည်း ပရိသတ်တွေက ချစ်မဝဖြစ်နေရတာပါ။

Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook

နန်းဆုဟာ လတ်တလောမှာတော့ ပွဲအခမ်းအနားတွေနဲ့ ကြော်ငြာလေးတွေ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ လက်ရှိအချစ်ရေးဟာလည်း တည်ငြိမ်နေတာကြောင့် ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ အားလပ်ချိန်မှာလည်း ချစ်ရတဲ့ ဖေဖေ၊မေမေနဲ့အတူ ပျော်ပျော်ပါးပါး ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook

အခုမှာတော့ သူမရဲ့ Facebook Myday လေးမှာ ပုံလေးတစ်ပုံတင်ထားတာပါ။ ဒါကတော့ ကာတွန်းစာအုပ်လေးကိုတင်ထားတာပါ။ နန်းဆုကတော့ " အမေကလာမေးနေတယ် ဒီစာအုပ်တွေက နင့်စာအုပ်တွေဆို ငါ့မြေးစာအုပ်တွေထင်လို့ သွားမေးတာ တီတီဆုဟာတဲ့ နင်သူငယ်ပြန်နေတာလားတဲ့ ဟီး သမီးက ပုံပြင်ကြိုက်လို့ပါ မေမေ ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ဒီသတင်းလေးကို ပရိသတ်ကြီး သိရှိနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - Nansu Yati Soe's Facebook Myday

Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။