ထပ်ဆင့်အကယ်ဒမီမင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာအောင်မြင်မှုတွေနဲ့ရပ်တည်နေပြီး ပရိသတ်အများအပြားရဲ့ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဝတ်မှုံရွှေရည်ရဲ့ သရုပ်ဆောင်အရည်အသွေးတွေဟာဆိုရင်လည်း ပြည့်ပြည့်၀၀ရှိတာကြောင့် ပရိသတ်တွေကကြိုက်နှစ်သက်ကြပြီး လက်ခံအားပေးကြပါတယ်။ဝတ်မှုံရွှေရည်ကို သူမရဲ့ချစ်ပရိသတ်တွေက ရွှေကစ်လို့ချစ်စနိုးခေါ်ဝေါ်ကြပါတယ်နော်။

Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography

ဝတ်မှုံရွှေရည်က လတ်တလောမှာဆိုရင် ပွဲအခမ်းအနားတွေကိုတက်ရောက်နေပြီး ရိုက်ကူးရေးတွေလည်း အဆက်မပြတ်ရိုက်ကူးနေရတာပါနော်။ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့ရပ်တည်နေတဲ့ ဝတ်မှုံရွှေရည်က ပြည်တွင်းသာမက ပြည်ပမှာပါ အောင်မြင်ကျော်ကြားပြီးလူသိများပါတယ်။ရွှေကစ်လေးကတော့ အခုချိန်မှာဆိုရင် အသက်(၃၀)ကျော်အရွယ်ကိုရောက်ရှိနေပေမယ့် ဆယ်ကျော်သက်အရွယ်လေးလိုနုငယ်ပျိုမျစ်နေတာပါနော်။ 

Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography

ရွှေကစ်လေးရဲ့အသားအရည်လေးကလည်း ဖြူဖွေးဝင်းဥနေပြီး မျက်နှာလေးကလည်းပြစ်မျိုးမှဲ့မထင်လှပပါတယ်နော်။မကြာသေးခင်ရက်ပိုင်းတုန်းက ရွှေနန်းတော်ရဲ့ပွဲလေးကို အနုပညာညီအစ်မတွေနဲ့အတူတူတက်ရောက်ခဲ့ပြီး ရွှေကစ်လေးကတော့ အနက်ရောင်ဖက်ရှင်လေးကိုဝတ်ဆင်ထားလို့ သူမရဲ့အသားအရည်လေးကလင်းလက်တောက်ပနေကာ အရမ်းလှနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography

Photo Credit:Li John Photography

Source:Wutt Hmone Shwe Yi's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။