တေးရေး၊တေးဆိုတစ်ဦးဖြစ်တဲ့ အာဘွိုင်းကတော့ တစ်ချိန်က လူငယ်ပရိသတ်တွေကြားမှာ အတော်လေးကို ရေပန်းစားအောင်မြင်ခဲ့တာဖြစ်ပါတယ်။ အာဘွိုင်းရဲ့ "ဒုတိယလူ" သီချင်းကလည်း အခုချိန်အထိ ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုရရှိနေပြီး လူကြိုက်များနေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဘွိုင်းက မင်းသမီးချောလေးမြတ်ရတနာကျော်နဲ့ အိမ်ထောင်ကျပြီး ချစ်စရာသမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။

Photo Credit- Kyaw Phyo Tun's FB
Photo Credit- Kyaw Phyo Tun's FB
Photo Credit- Kyaw Phyo Tun's FB

အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့စုံတွဲကေတော့ ရှေ့သွားနောက်လိုက်ညီပြီး နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်တင့်တယ်တဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ အာဘွိုင်းတို့ရဲ့သမီးလေး Scarlett Phyo Tun ကလည်း ဖေဖေနဲ့ မေမေရဲ့အချောအလှတွေကိုစုပြီးရထားတဲ့ ချစ်စရာကလေးလေး ဖြစ်ပါတယ်။ အခုလည်း ဖေဖေအာဘွိုင်းတစ်ယောက် သမီးလေးကိုထိန်းရင်း Camera Effects တွေနဲ့ မိန်းမပုံစံဖမ်းပြီး သမီးလေးပျော်အောင် စနောက်ပေးထားပါသေးတယ်။

Photo Credit- Kyaw Phyo Tun's FB
Photo Credit- Kyaw Phyo Tun's FB
Photo Credit- Kyaw Phyo Tun's FB

ဖေဖေအာဘွိုင်းက " When you are home alone with your kid " ဆိုပြီး သမီးလေးနဲ့နှစ်ယောက်တည်း အိမ်မှာရှိနေတဲ့အချိန်လေးမှာ အတူတူဆော့ပေးနေတဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ Scarlett လေးကတော့ ကင်မရာထဲမှာမိန်းမပုံစံဖြစ်သွားတဲ့ဖေဖေအာဘွိုင်းကို ပြန်ကြည့်နေတဲ့ အမူအရာလေးကလည်း အင်မတန်ကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အာဘွိုင်းတို့သားအဖနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Kyaw Phyo Tun's FB  

Photo Credit- Kyaw Phyo Tun's FB
Photo Credit- Kyaw Phyo Tun's FB
Photo Credit- Kyaw Phyo Tun's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။