ပြိုင်ပွဲဝင် ၁၉ သင်း ပါဝင်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပသွားမည့် MPT Myanmar National League (U-21) 2020 လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲကို ယခုလ ၂၄ ရက်တွင် စတင်ကျင်းပသွားတော့မှာပဲ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို လူငယ်ကစားသမားများ ပွဲအရေအတွက် ပိုမိုကစားခွင့် ရရှိစေရန် ရည်ရွယ်ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ပြိုင်ပွဲကို တောင်ဒဂုံကွင်း၊ Y.U.S.C ကွင်း၊ ယူနီဗာစတီကွင်း၊ ပဒုမ္မာကွင်း၊ M3(ဗဟန်း)ကွင်းနှင့် စလင်းကွင်းတို့၌ ကျင်းပသွားမည်ဖြစ်ပြီး ပထမအကျော့ကာလကို ဇန်နဝါရီ ၂၄ ရက်မှ မေလ ၂၈ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရာသီက MFF Youthအသင်းအနေနဲ့ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး ရှမ်းယူနိုက်တက်ယူ၂၁အသင်းက ဒုတိယ ရန်ကုန်ယူနိုက်တတ် ယူ၂၁အသင်းက တတိယနေရာရရှိခဲ့ပါတယ်။ 

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

အဆိုပါပြိုင်ပွဲမှာ ဧရာဝတီယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ရတနာပုံအက်ဖ်စီ၊ မကွေးအက်ဖ်စီ၊ စစ်ကိုင်းယူနိုက်တက်၊ ဇွဲကပင်ယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ ဆောက်သမ်းမြန်မာ၊ ချင်းယူနိုက်တက်၊ ISPE(အား/ကာသိပ္ပံ)၊ မြဝတီအက်ဖ်စီ၊ ချင်းလန်းအက်ဖ်စီ၊ မောရဝတီအက်ဖ်စီ၊ ကချင်ယူနိုက်တက်၊ ယူနီဗာစတီအက်ဖ်စီ၊ ငွေကြယ်ပွင့်လေးများနှင့် ယောမြေအက်ဖ်စီအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

source: Myanmar National League 's facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။