ဆွဲဆောင်မှုရှိတဲ့အပြုံးချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားသူလေးကတော့ တိုင်းရင်းသူမင်းသမီးချောလေးခင်လေးနွယ်ပါ။ သူမဟာ ဗီဒီရိုဇာတ်ကားများရုပ်ရှင်ကားများဖြင့် အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ဆယ်စုနှစ်နှစ်ခုစာလောက်ထိအောင်မြင်နေတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ခင်လေးနွယ်ဟာလတ်တလောတွင်ပွဲအခမ်းအနားများစွာတက်ရောက်နေပြီး ချစ်ရတဲ့သူငယ်ချင်းတွေနဲ့အတူခရီးသွားနေတာပဲဖြစ်ပါတယ်။


Photo Credit-Khin Lay Nwe's Facebook
Photo Credit-Khin Lay Nwe's Facebook

ခင်လေးနွယ်ဟာမကြာသေးမီက သူ့ရဲ့facebookစာမျက်နှာတွင် အားလုံးဘေးဖယ် အားလုံးဘေးဖယ်ရှောကုလားမလေးဈေးဗန်းခင်းမယ်ဆိုတဲ့captionလေးနဲ့ပုံလေးတွေကိုတင်ပေးခဲ့ပါတယ်။ သူမဟာ လိမ္မော်ရောင်ဆာရီလေးကိုဝတ်ဆင်ထားပြီး ချစ်စရာပို့စ်လေးတွေလည်းပေးနေတာဖြစ်ပါတယ်။ မင်းသမီးလေးခင်လေးနွယ်ဟာ ဆာရီလေးနဲ့တစ်ကယ့်ကိုကုလားမလေးတစ်ယောက်လိုဆွဲဆောင်မှုရှိနေတာပါနော်။


Photo Credit-Khin Lay Nwe's Facebook
Photo Credit-Khin Lay Nwe's Facebook

မင်းသမီးချောလေးခင်လေးနွယ်ဟာပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပြီးပရိတ်သတ်တွေပါမက အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်ရတဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူး။ ပရိတ်သတ်ကြီးရော စကားသံဝဲ၀ဲလေးနဲ့မင်းသမီးလေးခင်လေးနွယ်ကို ချစ်ခင်အားပေးကြမယ်မလား။ ဆာရီလေးနဲ့ချစ်စရာကောင်းနေတဲ့ မင်းသမီးလေးခင်လေးနွယ်ရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Khin Lay Nwe's Facebook
Photo Credit-Khin Lay Nwe's Facebook

Source-Khin Lay Nwe's Facebook

Photo Credit-Khin Lay Nwe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။