ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာဟာဆိုရင် သားလေးတစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်ချမ်းမြေ့စရာမိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ဆုပန်ထွာရဲ့ချစ်ခင်ပွန်းကလည်း မိသားစုကိုနွေးထွေးပျော်ရွှင်မှုအပြည့်ပေးပြီး လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးတာကြောင့် ဆုပန်ထွာတို့သားအမိနှစ်ယောက်အတွက်အရမ်းအေးချမ်းရပါတယ်နော်။

Photo CreditOkkar Kyaw's Facebook
Photo CreditOkkar Kyaw's Facebook
Photo CreditOkkar Kyaw's Facebook

ဆုပန်ထွာကတော့ မိသားစုကိုလည်းဂရုစိုက်ပေးပြီး အနုပညာအလုပ်တွေကိုလည်းဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း ဆုပန်ထွာကိုချစ်ခင်အားပေးကြသလို သူမရဲ့မိသားစုဘဝလေးကိုလည်းအားကျနေကြတာပါနော်။ဆုပန်ထွာတို့ဇနီးမောင်နှံရဲ့ တစ်ဦးတည်းသောသားလေးဖြစ်တဲ့ Roar Roar Kyaw ကတော့ ၃နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီး စကားတွေလည်းအရမ်းပြောတတ်လွန်းလို့ ဆုပန်ထွာတို့အိမ်ရဲ့ဆည်းလည်းလေးပါနော်။  

Photo CreditOkkar Kyaw's Facebook
Photo CreditOkkar Kyaw's Facebook
Photo CreditOkkar Kyaw's Facebook

အခုဆိုရင်တော့ ဆုပန်ထွာရဲ့ချစ်ခင်ပွန်းက"ငယ်ငယ်က ခြံထဲရောက်ရင် BMX ဘီးလေးနဲ့ ခေါင်းထောင် ခုံကျော် လူကျော် လုပ်ခဲ့ဖူးတဲ့နေရာလေး...ခု Roar Roar လေးက သူ့ရဲ့ Scooter လေးနဲ့ ခုံပြီးကစားနေတာ မြင်ရတော့ ငယ်ဘဝလေးကို ပြန်သတိရမိတယ်။"ဆိုပြီး တစ်ယောက်တည်းပျော်ပျော်ပါးပါးကစားနေတဲ့ Roar Roar ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလာတာဖြစ်ပါတယ်နော်။

Photo CreditOkkar Kyaw's Facebook
Photo CreditOkkar Kyaw's Facebook
Photo CreditOkkar Kyaw's Facebook

Photo CreditOkkar Kyaw's Facebook

Source:Okkar Kyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။