အဆိုပါစီမံကိန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Li Zilin က ဒီစီမံကိန်းဟာ နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ွရက်မှု စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ မိတ်ဖက်ကုမ္ပဏီတွေကတော့ MOGE၊CNPC၊ POSCO International တွေဖြစ်ကြောင်း၊ စီမံကိန်းစတင်ဆောင်ရွက်ကတည်းက ကုမ္မဏီဟာ ရိုးသားဖြောင့်မတ်မှု၊ စိတ်ရင်းမှန်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် win-win ဆိုသည့်ယုံကြည်ချက်ကို လိုက်နာကျင့်သုံးပြီး အပြည်ပြည်ဆိုင်ရာ စံချိန်စံနှုန်းနှင့်အညီ အရည်အသွေးပြည့်ဝပြီး လုံခြုံစိတ်ချရသည့် ပိုက်လိုင်းစီမံကိန်းကို တည်ဆောင်ခဲ့သည့်အပြင်ပိုမိုခိုင်မာ တည်တံ့သည့် ကုမ္မဏီ တာဝန်ယူမှုကိုလည်း ဖော်ဆောင်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။

Credit:Commercial Article

ကုမ္မဏီဟာ လူမှုရေးတာဝန်ယူမှုဆိုင်ရာလုပ်ငန်းများကို အစဉ်အမြဲလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး တည်ဆဲ ဥပဒေ နှင့် အညီ စီမံကိန်းကြီးကို စီမံခန့်ခွဲကာ မြန်မာနိုင်ငံဒေသဖွံဖြိုးတိုးတက်ရေးအတွက် လူမှုရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ွရက်လျက်ရှိပြီး မြန်မာနှင့်တရုတ် နှစ်နိုင် ငံကြား ချစ်ကြည်ရေးပေါင်းကူးတံတားတစ်စင်း တည်ဆောက်နိုင်ခဲ့ပါသည်ဟုလည်း မစ္စတာ Li Zilin က ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကုမ္ပဏီ ဝေန်ထမ်းစုစုပေါင်း(၉၀၀) ကျော် ခန့်အပ်ထားရှိပြီး ထူးချွန်ကျွမ်းကျင် သည့် မြန်မာဝန်ထမ်း (၂၀၀) ကျော် ကိုလည်း အရေးပါတဲ့ အလုပ်တာဝန်များကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ စီမံကိန်းတည်ဆောက်ရေးကာလမှာလည်း မြန်မာနိုင်ငံ ကုမ္ပဏီပေါင်း (၂၂၆) ခုနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ဒေသတွင်းဝယ်ယူခဲ့တဲ့ ပစ္စည်းကိရိယာတန်ဆာပလာများ၏ ငွေကြေးပမာဏဟာ စီမံကိန်းပထမအပိုင်ရဲ့ စုစုပေါင်း ရင်နှီးမြှုပ်နှံမှုပမာဏ လေးပုံတစ်ပုံခန့်ရှိပါတယ်။

Credit:Commercial Article

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအချက် EPC စာချုပ် ထည့်သွင်းရေးသားပြီး ကြီးကြပ်-စီမံခန့်ခွဲရေးအဖွဲ့ ကို ခန့်အပ်ခဲ့ပါတယ်။ ပိုက်လိုင်းလည်ပတ်မှုအပိုင်းမှာဆိုရင် “ချို့ယွင်းမှုမရှိစေရေး၊ထိခိုက်မှုမရှိစေရေး၊ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေးနှင့် မတော်တဆ ထိခိုက်မှုမရှိစေရေး” ရည်မှန်းချက်အတိုင်း ဆောင်ရွက်ခဲ့ကြပါတယ်။ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံ ကိန်းဟာ CNPC အင်ဂျင်နီယာအသင်း မှ ပေးအပ်တဲ့ ရေနံဆောက်လုပ်ရေးထူးချွန်ဆုရွှေတံဆိပ် ဆုကိုရှရိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ စီမံကိန်း ဟာအမေရိကန်ဒေါ်လာ ၂၇ သန်းကျော်ကို လှုဒါန်းခဲ့ကာ ပညာရေး၊ လမ်းပြုပြင်ရေး၊လျှပ်စစ်ဓာတ်အားရရှိရေး၊ အခြေံအဆောက်အအုံ လုပ်ငန်းပေါင်း ၂၁၆ ခု ကိုဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအန္တရယ်အတွက် ကယ်ဆယ်ရေုး လုပ်ငန်းပေါင်း ၆၆ ခုကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။မြန်မာကျောင်းသားဦးရေးပေါင်း ၃ သောင်းကျော်တို့ဟာလည်း မှုလထက်ပိုကောင်းမွန်သည့် စာသင်ကျောင်းများတွင် ပညာသင်ယူနိုင်ခဲ့ကာ ဒေသခံ ၉ သိန်းကျော် ပိုမိုအဆင်ပြေလာခဲ့သည်။ ၂၄ နာရီ လျှပ်စစ်မီး အပြင်ရေကောင်းရေသန့် များရရှိလာခဲ့ ပါတယ်။ 

Credit:Commercial Article

Credit:Commercial Article

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။