ကျွန်ုပ်တို့ ကလေးဘဝတုန်းက အဘိုး အဘွား၊ လူကြီးမိဘတွေ သူတို့ သိမ်းထားခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံလေးတွေကို ထုတ်ပြပြီး ပုံနဲ့ပတ်သက်တဲ့ ရှေးဟောင်းနှောင်းဖြစ်လေးတွေကို ပြန်ပြောပြတယ်ဆိုရင် အလွန်အမင်း စိတ်ဝင်တစား နားထောင်ခဲ့ကြရမှာပါနော်။ အဲ့လိုပဲ ၁၉ ရာစု အလယ်ခေတ်လောက်မှာ ဖြစ်ပျက်ခဲ့တဲ့ အလွဲလွဲ ချောချော ကိစ္စလေးတွေ၊ သူ့ခေတ် သူ့ခါ သမာရိုးကျ ပြုမူလှုပ်ရှားခဲ့တာလေးတွေကို အမိအရ မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေဟာ ဒီအတိုင်းကြည့်မယ်ဆိုရင်တော့ မထူးဆန်းပေမယ့် မူလဇစ်မြစ်ကို သိသွားမယ်ဆိုရင် ပရိသတ်ကြီး ပါးစပ်အဟောင်းသား ဖြစ်သွားမှာ အမှန်ပင် ဖြစ်ပါတယ်။

photo credit Once A Glance Page

အခု ဖော်ပြပေးသွားမယ့် ပုံရိပ်လေးတွေဟာ ခက်ခက်ခဲခဲ မှတ်တမ်းတင် ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး ပရိသတ်ကြီး မြင်တွေ့ရမှာကတော့ အပေါ်အောက် အဖြူရောင် ဝမ်းဆက်လေးကို ဆွဲဆောင်မှုရှိရှိ ဝတ်ဆင်ထားတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ အဲ့လိုဝတ်ဆင်မှုမျိုးက ယနေ့ခေတ်မှာတော့ ပြောပလောက်စရာ မဟုတ်ပေမယ့် အဲ့ခေတ်အခါတုန်းက တော်တော်လေး sexy ကျပြီး လန်းနေတယ်လို့ ဆိုလို့ရပါတယ်။ သူမရဲ့ အလှကို ယုံကြည်မှုရှိရှိ ဖော်ပြနိုင်ခဲ့တဲ့ သတ္တိကတော့ အံ့မခန်းပါပဲ။ "Toronto" ဆိုတဲ့ မြို့ကြီးပြကြီးရဲ့ stock exchange ဈေးကွက် အရောင်းအဝယ်ပွဲကြီးမှာ ပုရိသတွေ၊ ဓာတ်ပုံဆရာတွေရဲ့ အာရုံကို 100 percent ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

photo credit Once A Glance Page

နောက်တစ်ပုံကတော့ ၁၉၆၈ ခုနှစ် ကွန်ပျူတာခန်းကြီးထဲမှာ အလုပ်ကြိုးစားနေတဲ့ သက်လတ်ပိုင်း အမျိုးတစ်ဦး ဖြစ်ပါတယ်။ ကွန်ပျူတာခန်းလို့သာ ပြောရပေမယ့် ယနေ့ခေတ် နည်းပညာလောက် မတိုးတက်သေးတာကြောင့် ပရိသတ်ကြီး ကြည့်ရတာ အမြင်တစ်မျိုး ဆန်းနေပါလိမ့်မယ်။ အဲ့ကွန်ပျူတာကြီးက"Analog"လို့ အမည်ရပြီး အခုခေတ်ကလေးတွေကို သွားပြရင် ရယ်စရာကြီးလို ဖြစ်နေမှာပါ။ ပါရာဂွေးနိုင်ငံမှာ အာဂလူသားတစ်ယောက်က ဆိုဗီယက် တင့်ကားကို ခဲနဲ့ထုပြီး ထွက်ပြေးခဲ့တဲ့ ပုံရိပ်နှင့် အင်္ဂလန်နိုင်ငံမှာ လေယာဉ်စမ်းသပ် မောင်းနှင်နေစဉ်အတွင်း ပျက်ကျကာ ခုန်ထွက်လွတ်မြောက်သွားခဲ့တဲ့ မောင်ကံကောင်း F1 တိုက်လေယာဉ်မှူး တို့ရဲ့ မှတ်တမ်းပုံရိပ်တို့ကို ကြည့်ရှုခံစားသွားကြပါဦးနော်။

Source Once A Glance Page

photo credit Once A Glance Page 

photo credit Once A Glance Page
photo credit Once A Glance Page

သတင်း ဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။