ဖွေးစိန်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဖွေးဖွေးကတော့ အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်တဲ့အတိုင်း ဇာတ်ကားတွေကိုလည်း အဆက်မပြတ်ရိုက်ကူးနေရတဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးချောလေးပါနော်..။

ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ကလေးတစ်ယောက်လိုချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ စကားပြောဟန်ပန်လေးတွေအပြင် ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားပြီး မြင်သူတိုင်းကို မချစ်ဘဲမနေနိုင်အောင် ဖမ်းစားတတ်လွန်းတဲ့ အပြုံးချိုချိုလေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေပါပဲ..။


Photo Credit - Li John Photography
Photo Credit - Amazing Grace Photography

ပရိသတ်အသည်းကျော်လေး ဖွေးစိန်ကတော့ မကြာသေးခင်ကမှ “ပုဂံမျှော်” ဇာတ်ကားကို ရိုက်ကူးပြီးစီးခဲ့တာဖြစ်ပြီး ဇာတ်ကားရိုက်ကူးရင်း ပုပ္ပါးတောင်ကို အကြိမ်ကြိမ် အတက်အဆင်းလုပ်ခဲ့ရတဲ့ အမှတ်တရလေးတွေအကြောင်း ပြောပြလာပါတယ်..။

ဇာတ်ကားရိုက်ရင်း ပုပ္ပါးတောင်ကို (၇)ခေါက် (၈)ခေါက်လောက် အတက်အဆင်းလုပ်လိုက်ရပေမယ့် ဝိတ်ကမကျတဲ့အပြင် (၄)ပေါင်တတ်လာတယ်ဆိုပြီး ရယ်သွမ်းသွေးက ချစ်စဖွယ်လေး ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Phway Phway's Facebook
Photo Credit - Amazing Grace Photography

“ပုပ္ပါးတောင်က ပုဂံမြေကိုလေ တစ်နေ့တစ်နေ့ တက်ရတာ အပေါ်မှာလည်း ထမင်းစားလို့မရဘူးလေ မျောက်တွေကဆွဲလုတယ်လေ အပေါ်မှာရိုက်ပြီး ဟိုးအောက်မှ ထမင်းဆင်းစားပြီး ဟိုးတောင်ထိပ်ကိုပြန်တက် အဲ့ဒါတောင်ထိပ် အတတ်အဆင်း (၇)ခေါက် (၈)ခေါက်လောက် လုပ်လိုက်ရတယ် ဝိတ်တော့မကျဘူး (၄)ပေါင်တတ်လာတယ် ပင်ပန်းပြီးတော့ ညညဆို ညစာတွေစားတာ..” ဆိုပြီး အမှတ်တရလေးတွေကို ပြန်ပြောရင်း သဘောကျနေကာ ရယ်နေပါတယ်နော်..။

ဖွေးစိန်လေးကတော့ နောက်ထပ်ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားကြီးကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချောလေး ပိုင်တံခွန်နဲ့ သရုပ်ဆောင်ရိုက်ကူးရမှာဖြစ်ပြီး အကယ်ဒမီနဲ့ ပတ်သက်ပြီးတော့လည်း အများကြီး မမျှော်လင့်တဲ့အကြောင်း ပြောပြထားတဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Amazing Grace Photography
Photo Credit - Phway Phway's Facebook

Photo Credit - Phway Phway's Facebook & Li John Photography & Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။