ပရိသတ်တွေရင်ထဲမှာ ယနေ့တိုင်အောင် ချစ်ခြင်းများစွာနဲ့ နေရာယူထားတဲ့ အနုပညာရှင်တွေထဲမှာတော့ သရုပ်ဆောင်မင်းသမီးချော ထက်ထက်မိုးဦးက ထိပ်ဆုံးကနေပါဝင်တာ ဖြစ်ပါတယ်။ အကယ်ဒမီများရှင် ထက်ထက်မိုးဦးက သရုပ်ဆောင်တော်သလို အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းတာကြောင့်လည်း လူကြီးလူငယ် ကျားမမရွေး ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ထက်ထက်က သူမမြတ်နိုးတဲ့ သရုပ်ဆောင်အလုပ်ကိုလည်း ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

Photo Credit-Htet Htet Moe Oo's FB
Photo Credit-Htet Htet Moe Oo's FB
Photo Credit-Htet Htet Moe Oo's FB

လက်ရှိမှာတော့ ထက်ထက်က "မာယာရထားမောင်းတဲ့မိန်းမ" ရုပ်ရှင်ဇာတ်ကားကြီးကို လက်ခံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြော်ငြာလေးတွေနဲ့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပြီဖြစ်တဲ့ ထက်ထက်ကိုတော့ ပရိသတ်တွေကအမြဲတမ်းစောင့်ကြည့်အားပေးနေရတာပါ။ မကြာသေးခင်ကလည်း ထက်ထက်နဲ့ အဆိုတော် စိန်လင်း (Aroma) တို့က အပျော်တမ်း Tik Tok ဗီဒီယိုလေးတွေကို အတူတူရိုက်ကူးခဲ့ကြပါသေးတယ်။

Photo Credit-Htet Htet Moe Oo's FB
Photo Credit-Sein Lin Aroma's Tik Tok
Photo Credit-Sein Lin Aroma's Tik Tok

ထက်ထက်တို့နှစ်ယောက်က " နှေးသွားတယ်၊ ယောက်ျားအားအင် " ဆိုတဲ့သီချင်းလေးနှစ်ပုဒ်နဲ့ Tik Tok ကစားခဲ့ကြတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ သရုပ်ဆောင်ပြထားတဲ့ ထက်ထက်ကတော့ အပြုံးချိုချိုလေးတွေနဲ့ ချစ်ဖို့ကောင်းလွန်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ထက်ထက်မိုးဦးနဲ့ အဆိုတော်စိန်လင်းတို့ရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေေပေးလိုက်ပါတယ်နော်။

Photo Credit-Htet Htet Moe Oo's FB & Sein Lin Aroma's FB

Video Credit-Sein Lin Aroma's Tik Tok 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။