မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာဆယ်စုနှစ်ကနေ ယခုအချိန်ထိ ထွန်းတောက်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အများအပြား ပါဝင်ရိုက်ကူးနေရပြီး သူရဲ့ ဇာတ်ကားတွေကလည်း ပရိသတ်တွေအကြိုက်တွေစေခဲ့တဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ၂၀၂၀ မှာ ပရိသတ်တွေတွက် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပြသဖို့ ကြိုတင်ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။

Photo Credit – Li john
Photo Credit – Li john

ယခုမှာဆိုရင်လည်း ၂၀၂၀ မှာထွက်ရှိမယ့် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားတဲ့ “ အိမ်မက်မြစ်” ရုပ်ရှင်ဇာတ်ကားကြီး အတွက် ကန်တော့ပွဲနှင့် စာနယ်ဇင်းမိတ်ဆက်ပွဲ ကိုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပွဲကိုမင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ မြန်မာဆန်ဆန် အဖြူရောင်ဝတ်စုံလေးကို ဝတ်ကာ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့အတူ ပရိသတ်တွေကိုလည်း “မနေ့က ၂၀၂၀ အတွက် ကစ်ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးဖြစ်တဲ့ အိမ်မက်မြစ် ကားကြီးအတွက် ကန်တော့ပွဲနှင့် စာနယ်ဇင်း ပွဲလေးကျင်းပခဲ့ပါတယ်….အိမ်မက်မြစ် ရုပ်ရှင်ကားကြီးမှာ ဇာတ်အသစ် မင်းသား ဇာတ်ရုပ်အသေတွေနဲ့ ဘယ်လိုဖန်တီးအသက်သွင်းကြမလဲဆိုတာ စောင့်ကြည့်ပေးနော်..” ဆိုပြီး ရေးသားထားပါတယ်။

Photo Credit – Li john
Photo Credit – Li john

ဒါ့အပြင် မင်းသမီးချောလေး ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကလည်း မြန်မာဆန်ဆန်ရိုးရိုး ယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းလောက်ပါတယ်နော်..။ ပရိသတ်ကြီးကလည်း မင်းသမီးချောလေး ဝတ်မှုံရွှေရည် ရဲ့ လန်းလွန်းနေတဲ့ ပုံရိပ်လေးတွေကို အသည်းလေးတွေပေးလိုက်ပါဦး။ ကဲ့ ချစ်ပရိသတ်ကြီးရေ ဝတ်မှုံရွှေရည်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – Li john

Source - Wutt Hmone Shwe Yi’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။