Mobile Legends မှာခုတလော ခေတ်ပြန်ထနေတဲ့ Hero တွေအရင်ကထက် များလာတာကိုတွေ့ရှိရမှာဖြစ်မှာပါ။ အဲ့လိုခေတ်ထလာရတဲ့အကြောင်းကလဲ သိပ်မကြာခင်ကထွက်ရှိခဲ့တဲ့ Update ကြောင့်လဲဖြစ်သလို Rework တွေ Buff တွေကြောင့် Hero တွေက ထောင်တာမြန်လာပါတယ်။ ဒါပေမဲ့ အဲ့လို Hero တွေ ထောင်တာမြန်တာကို တချို့Player တွေမသိကြသေးပါဘူး။ လူတိုင်းသတိထားမိတဲ့ Hero ကတော့ Granger ပဲရှိပါတယ်။ 

သူကိုခုလက်တလော Meta မှာ လူကိုင်များပြီး ထောင်တာအမြန်ဆုံးMM တစ်ယောက်ဖြစ်တာမို့ရိပ်မိကြပါတယ်။ သို့သော် လူမသိသူမသိ ပွဲစ ၅ မိနစ်ကျော်လောက်ဆို Hero တွေကို လိုက်ယောင်ပေးလို့ကောင်းတဲ့ Hero တစ်ယောက်ရှိပါတယ်။ အဲ့တာကတော့ Aldous ပဲဖြစ်ပါတယ်။ သူ့အနေနဲ့ Bottom Lane မှာ တစ်ယောက်ထဲ Solo နေမယ်ဆိုရင် အထောင်မြန်ပါတယ်။ Solo လှိမ့်တာက Skill 1 အတွက် Soul တွေကို အမြန်စုလို့ရနိုင်ပြီး အောက်လမ်းက တော Creep ကလဲ အကြီးတစ်ကောင်သေပြီးတာနဲ့ အသေးတစ်ကောင်ထွက်တာမို့ သာမန် Soul 3 ခုက ခုချိန်မှာတော့ soul 6 ခုရရှိသွားပါတယ်။ 

ဒီဟာက သူ့ကို Early Game မှာ အရင်ကလောက် မပျော့စေတော့ပါဘူး။ ပွဲချိန် ၁၀မိနစ်လောက်ဆိုရင် သူအနေနဲ့ Soul ကို ၁၅၀ ၂၀၀ ထိစုနိုင်ပါပြီ။ ဒါကလဲ ကိုယ့်အနေနဲ့ Hero ကို ကျွမ်းကျင်မှဖြစ်ပါတယ်။ သူ့အတွက် Soul တွေက အဓိကပါပဲ....သူနဲ့အတူ Angela သာပေါင်းခဲ့ရင် ၅ကောင်ကြားထဲ ပြေးဝင်လို့ရပါပြီး သို့သော် တစ်ဖက်အသင်းရဲ့ Item လေးတွေကိုတော့ ကြည့်ပေါ့နာ်။ Wind of nature တို့ Damage တွေကို Block တာလေးတွေရှိနေရင်တော့ ဂရုစိုက်ပါ။ 

သတင်းအရင်းမြစ် Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။