ပရိသတ်ကြီးရေ.. Tik Tok ဗီဒီယိုလေးတွေမှာ စွဲမက်စရာအပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားပြီး ပရိသတ်တွေရဲ့ ရင်ထဲအခိုင်အမာနေရာယူထားသူလေးကတော့ မော်လ်ဒယ်မင်းသားချောလေး ရှိန်းတင်ထူးပဲ ဖြစ်ပါတယ်နော်..။

မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားတဲ့ ရှိန်းတင်ထူးကတော့ နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ကာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း သရုပ်ဆောင်နေပြီး မကြာခင်မှာလည်း ရိုမန်တစ်အချစ်ဇာတ်ကားလေး ရိုက်ကူးတော့မှာပါတဲ့နော်..။


Photo Credit - Sheintin Htoo's Facebook
Photo Credit - Sheintin Htoo's Facebook

နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ရှိန်းတင်ထူးကတော့ ပရိသတ်အားလုံးစိတ်ဝင်စားနေကြတဲ့ သူ့ရဲ့အချစ်ရေးလေးနဲ့ သဘောကျတဲ့ကောင်မလေးပုံစံကို ပြောပြလာပါတယ်နော်..။

ရှိန်းတင်ထူးကတော့ ၀၀ကစ်ကစ် ကောင်မလေးပုံစံလေးတွေကို သဘောကျသလို အရမ်းကြီး ပြင်ဆင်မထားတဲ့ ကောင်မလေးပုံစံတွေကိုလည်း သဘောကျပြီး ချစ်မိသွားရင်တော့ ဝတာပဲဖြစ်ဖြစ် ပိန်တာပဲဖြစ်ဖြစ် ချစ်မိသွားမှာမို့ ဝမှချစ်တာ မဟုတ်ဘဲနဲ့ ပိန်မှချစ်တာလည်း မဟုတ်တာမို့ သူချစ်တဲ့ကောင်မလေးက ဘယ်လိုပုံစံပဲဖြစ်ဖြစ် ချစ်မှာဆိုပြီး ပြောပြထားတာပါ..။

Photo Credit - Sheintin Htoo's Facebook
Photo Credit - Sheintin Htoo's Facebook

“ကျွန်တော်ခံယူထားတဲ့အချစ်က ကျွန်တော်လည်းချစ်မယ် သူလည်းချစ်မယ် အဓိက ကနားလည်မှုနဲ့ ရှေ့ဆက်မယ် သည်းခံမှုနဲ့ ငြိမ်းချမ်းအောင် လုပ်မယ် အဲ့လောက်ပါပဲ ..” ဆိုပြီးတော့လည်း အချစ်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ခံယူချက်လေးတွေကိုလည်း ပြောပြထားပါသေးတယ်နော်..။

မော်လ်ဒယ်မင်းသားချောလေး ရှိန်းတင်ထူးကတော့ လာမယ့် ဖေဖော်ဝါရီလမှာလည်း ရိုမန်တစ်ဆန်တဲ့ အချစ်ဇာတ်ကားလေးရိုက်ကူးဦးမှာဖြစ်ပြီး အပြင်မှာလည်း Ro တဲ့ သူမို့ ရုပ်ရှင်ထဲမှာလည်း Ro မယ် ဆိုပြီး ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Sheintin Htoo's Facebook
Photo Credit - Sheintin Htoo's Facebook

Photo Credit - Sheintin Htoo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။