ပရိသတ်ကြီးရေ.. သရုပ်ဆောင်ဗေလုဝကတော့ ဆယ်စုနှစ်တွေကတည်းက မရိုးနိုင်တဲ့ ရယ်စရာဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကိုရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တော် ဗေလုဝကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက နှလုံးသွေးကြောပိတ်ရောဂါနဲ့ ကျန်းမာရေးအခြေအနေဆိုးဝါးခဲ့ပြီး ဆေးရုံမှာဆေးကုသမှုခံယူကာ စောင့်ကြည့်နေရတာမို့ ပရိသတ်တွေကလည်း စိုးရိမ်စွာစိတ်မကောင်းဖြစ်နေကြတာပါနော်..။

Photo Credit - ဗေလုဝ Facebook
Photo Credit - NgaPyaw Gyaw's Facebook

ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တာမို့ ပရိသတ်တွေအားလုံးက စိတ်ပူနေကြသလို အနုပညာရှင်များနဲ့ ဌက်ပျော်ကြော်ကလည်း သူငယ်ချင်းဖြစ်သူ ဗေလုဝရဲ့လက်ရှိကျန်းမာရေး အခြေအနေကိုလည်း အသိပေးပြောပြလာပါတယ်နော်..။

ပင်လုံဆေးရုံးမှာ ဆေးကုသမှုခံယူနေတဲ့ သူငယ်ချင်းဗေလုဝကို သွားရောက်တွေ့ဆုံရင်း စိတ်ပူနေကြတဲ့ပရိသတ်တွေအတွက် သူငယ်ချင်းဗေလုဝရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - NgaPyaw Gyaw's Facebook
Photo Credit - NgaPyaw Gyaw's Facebook

"ကုလားလေးကို သိလားဗေကြီးလို့ မေးကြည့်တော့ အိုင်တင်ပဲလုပ်ပြတယ်.." ဆိုပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ဗေလုဝရဲ့ လတ်တလောပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

ဗေလုဝကတော့ ကျန်းမာရေးအခြေအနေကြောင့် စကားမပြောနိုင်သေးပေမယ့် ခြေတွေလက်တွေတော့ လှုပ်ရှားလို့ရပြီး ဘန်ကောက်မှာ ဆေးကုသဖို့စီစဉ်ထားတယ်လို့လည်း သိရပါတယ်နော်..။

Photo Credit - NgaPyaw Gyaw's Facebook
Photo Credit - NgaPyaw Gyaw's Facebook

Photo Credit - NgaPyaw Gyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။