ပရိသတ်တွေရဲ့အချစ်တွေကို အချစ်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော်အနုပညာရှင်ကတော့ နန်းမြတ်လို့အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော နန်းမြတ်ဖြိုးသင်းပါပဲ..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ချစ်စရာကောင်းလွန်းတဲ့ သားဦးကိုလည်း မွေးဖွားပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖြတ်သန်းကာ တစ်သားမွေးတစ်သွေးလှနေတဲ့ ခေးမေမေလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Nann Myat Phyo Thinn's Facebook
Photo Credit - Nann Myat Phyo Thinn's Facebook
Photo Credit - Nann Myat Phyo Thinn's Facebook

နန်းမြတ်ရဲ့ သားလေးဂျက်ဂျက်လေးဟာလည်း ပရိသတ်တွေသည်းသည်းလှုပ် ချစ်ခင်ကြတဲ့ ပြည်သူအသည်းကျော်အနုပညာရှင် ရင်သွေးလေးဖြစ်ပြီး အခုဆိုရင် ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် အသက်(၉)လ ပြည့်သွားခဲ့ပါပြီနော်..။

နန်းမြတ်တို့ မိသားစုလေးကတော့ သားလေး ဂျက်ဂျက်ရဲ့ အသက်(၉)လပြည့် အမှတ်တရလေးအဖြစ် မိသားစုလိုက်ဘုရားဖူးခရီးစဉ်လေး ပျော်ပျော်ပါးပါးသွားခဲ့ကြပါတယ်နော်..။

Photo Credit - Nann Myat Phyo Thinn's Facebook
Photo Credit - Nann Myat Phyo Thinn's Facebook
Photo Credit - Nann Myat Phyo Thinn's Facebook

ပျော်စရာကောင်းတဲ့ မိသားစုလိုက် အမှတ်တရလေးတွေကိုလည်း "ကလေးလေးနဲ့ ခရီးထွက်ရတာမလွယ်ပေမယ့် အမြဲကြိုးစားပီးထွက်ဖြစ်တယ် ဒီတခေါက်တော့ ကျိုက်ထီးရိုးဘုရားကြီးကို သွားဖူးတဲ့ပုံလေးတွေ တင်လိုက်ပါတယ်.. ဂျက်စကီးလေး ၉လပြည့် အမှတ်တရ.." ဆိုပြီး နန်းမြတ်က မျှဝေထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ တောင်တတ်ကားကို ပျော်ပျော်ကြီးစီးပြီး ကျိုက်ထီးရိုးဘုရားဖူးခဲ့ကြတဲ့ နန်းမြတ်တို့မိသားစုလေးရဲ့ ကြည်နူးစရာအမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကြနေကြမှာပါနော်..။

Photo Credit - Nann Myat Phyo Thinn's Facebook
Photo Credit - Nann Myat Phyo Thinn's Facebook
Photo Credit - Nann Myat Phyo Thinn's Facebook

Photo Credit - Nann Myat Phyo Thinn's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။