သမီးလေးတစ်ယောက်ကိုမွေးဖွားထားတဲ့ မေမေစန္ဒီမြင့်လွင်ကတော့ တစ်သားမွေးတစ်သွေးလှဆိုသလို အရမ်းလှပပြီးနုပျိုလန်းဆန်းနေတာပဲဖြစ်ပါတယ်။စန္ဒီမြင့်လွင်ရဲ့သမီးချောလေး Treasure လေးကလည်း မေမေနဲ့တူလို့ချစ်မွှေးပါကာ ချစ်စရာနှုတ်ခမ်းလှလှလေးကို ပရိသတ်တွေကအရမ်းအသည်းယားပြီးချစ်နေရတာဖြစ်ပါတယ်နော်။မေမေဒီဒီးကလည်း သမီးလေးကို သေချာဂရုစိုက်စောင့်ရှောက်ပေးလို့ ကျန်းမာစွာနဲ့ကြီးပြင်းလာပြီး ၀၀ကစ်ကစ်လေးနဲ့အရမ်းချစ်ဖို့ကောင်းပါတယ်။

Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook

စန္ဒီမြင့်လွင်ရဲ့ချစ်ခင်ပွန်းကလည်း အားတဲ့အချိန်တိုင်းမှာ သမီးလေးကိုကူထိန်းပေးပြီးချစ်ဇနီးကိုလည်းကြင်နာယုယပေးလို့ သူမတို့မိသားစုလေးက အရမ်းနွေးထွေးပါတယ်နော်။စန္ဒီမြင့်လွင်ကတော့ အနုပညာအလုပ်တွေကိုအနည်းအကျဉ်းသာလုပ်ဆောင်နေပြီး ချစ်သမီးလေးဘေးနားမှာတစ်ချိန်လုံးနေပေးကာ အသေးစိတ်ကအစပြုစုပေးတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ရဲ့ချစ်မေမေကလည်း အားတဲ့အချိန်တိုင်းမှာမြေးမလေးကိုကူထိန်းပေးပါတယ်နော်။

Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook

အခုဆိုရင်တော့ စန္ဒီမြင့်လွင်တို့မိသားစုက ငွေဆောင်ကမ်းခြေကိုရောက်ရှိနေကြပြီး အေးချမ်းစွာနဲ့မိသားလိုက်အနားယူနေကြတာဖြစ်ပါတယ်။မေမေဒီဒီးကလည်းသမီးလေးနဲ့အတူ အင်္ကျီဆင်တူလေးတွေဝတ်ပြီး ကမ်းခြေမှာလွင့်နေသလို အခုမနက်ပိုင်းမှာလည်း သာယာလှပတဲ့ပင်လယ်ပြင်ကြီးရဲ့အေးချမ်းမှုကိုခံစားရင်း မိသားစုလိုက်ကမ်းစပ်မှာလမ်းလျှောက်နေတဲ့ပုံရိပ်လေးတွေကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook

Photo Credit:Sandy Myint Lwin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။