MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1)ပွဲစဉ်များကို ဇန်နဝါရီလ ၁၄ရက်၊၁၅ရက်နှင့် ၁၆ရက်နေ့ တို့တွင် စတင်ယှဉ်ပြိုင်ကစားနေကြပြီ ဖြစ်ပါတယ်။ Myanmar National League Youth (U-19) 2020 အမှတ်ပေး‌ဘောလုံးပြိုင်ပွဲ အဖြစ်ရန်ကုန်ယူနိုက်တက်အသင်းနှင့်‌‌ဆောက်သမ်းမြန်မာတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

စလင်းကွင်း၌ ကျင်းပခဲ့တဲ့ ထိုပွဲစဉ်တွင်ရန်ကုန်ယူနိုက်တက်အသင်းအတွက် ပွဲချိန် ၃၅ မိနစ်တွင် ကောင်းဇင်မိုးက အနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒုတိယပိုင်းတွင် နှစ်ဖက်အပြန်အလှန်ကြိုးစား ယှဉ်ပြိုင်ခဲ့သော်လည်း‌ဆောက်သမ်းမြန်မာအသင်းက ရန်ကုန်ယူနိုက်တက်ကို ချေပဂိုးပြန်လည်သွင်းယူနိုင်ခြင်း မရှိသဖြင့် ပထမပိုင်းရလဒ်အတိုင်း ပွဲပြီးဆုံးခဲ့ခြင်းဖြစ်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ယခုနှစ် Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ အသင်းပေါင်း၂၀က ပါဝင်ယှဉ်ပြိုင်ကစားသွား ကြမည်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် Myanmar National League Youth (U-19) 2019 အမှတ်ပေး‌ဘောလုံးပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ရှမ်းယူနိုက်တတ်အသင်းက ဆွတ်ခူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

source: Myanmar National League 's facebook 

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။