မင်းသမီးချောလေးတစ်ဦးဖြစ်သလို သီချင်းဆိုလည်းကောင်းတဲ့ နန်းဆုရတီစိုးကတော့ အနုပညာနယ်ပယ်မှာရော ဂီတနယ်ပယ်မှာပါ အောင်မြင်နေသူတစ်ယောက်ပါ။ အသံချိုချိုလေးနဲ့ သီချင်းတွေကို နားဆင်သူပရိသတ်တွေရင်ထဲရောက်အောင် သီဆိုတတ်တဲ့ နန်းဆုက အဆိုပိုင်းကိုပိုမိုဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ နန်းဆုက သီချင်းအသစ်လေးတွေဖန်တီးလိုက်တိုင်းမှာလည်း သူမရဲ့သီချင်းလေးတွေက ပရိသတ်တွေကြားမှာ အမြဲတမ်းရေပန်းစားနေတာ ဖြစ်ပါတယ်။

Photo Credit-Nansu Yati Soe's FB
Photo Credit-Nansu Yati Soe's FB
Photo Credit-Nansu Yati Soe's FB

လက်ရှိမှာတော့ နန်းဆုရတီစိုးတစ်ယောက် ကြော်ငြာလေးတွေ ရိုက်ကူးနေသလို ပွဲအခမ်းအနားတွေမှာလည်း ပါဝင်ဖျော်ဖြေနေရတာ ဖြစ်ပါတယ်။ အခုလည်း နန်းဆုရတီစိုးက ဒဂုံတက္ကသိုလ်ရဲ့ Fresher Welcome ပွဲမှာ လာရောက်ဖျော်ဖြေဖို့ ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။ ဒါကြောင့် မနေ့ကကျင်းပပြုလုပ်တဲ့ ဒဂုံတက္ကသိုလ်ရဲ့ပွဲအခမ်းအနားလေးကို နန်းဆုကသွားရောက်ပြီး တေးသီချင်းတွေနဲ့ အားရပါးရသီဆိုဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Nansu Yati Soe's FB
Photo Credit-Nansu Yati Soe's FB
Photo Credit-Nansu Yati Soe's FB

ဒီပွဲလေးမှာတော့ နန်းဆုရတီစိုးက သူမရဲ့အောင်မြင်ကျော်ကြား လူကြိုက်အများဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့ "ရူးအောင်ချစ်ရသူ" သီချင်းလေးနဲ့ သီဆိုဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ခံစားချက်အပြည့်နဲ့ ဖျော်ဖြေခဲ့တဲ့ နန်းဆုရဲ့သီဆိုမှုကိုတော့ အောက်ကပရိသတ်တွေကလည်း ဖုန်းက Flash Light လေးတွေဖွင့်ပြီး အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် နန်းဆုရတီစိုးရဲ့ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Nansu Yati Soe's FB 

Photo Credit-Nansu Yati Soe's FB
Photo Credit-Nansu Yati Soe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။