MPT Myanmar National Laegue Youth (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁ ပွဲစဉ်တွင် စစ်ကိုင်းယူနိုက်တက်အသင်း နှင့် တက္ကသိုလ်အသင်း တို့မနေ့က အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ ယခုပွဲစဉ်မှာလည်း စစ်ကိုင်းအသင်းနှင့် တက္ကသိုလ်အသင်းတို့ ကတော့ တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ယင်းပွဲစဉ်တွင် ပထပိုင်းမှာတော့ စစ်ကိုင်းအသင်းနှင့် တက္ကသိုလ်အသင်းတွေက သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ဒုတိယပိုင်းမှာ စစ်ကိုင်းအသင်းအတွက် အဖွင့်ဂိုးကို သက်ပိုင်မှူးက 57 မိနစ်တွင် သွင်းယူခဲ့ပါတယ်။ တက္ကသိုလ်အသင်းအတွက် ချေပဂိုး ကို မင်းသန့်ဦးမွန်က ပွဲချိန် မိနစ် ၉၀ ပြည့်ပြီးနောက် ထပ်ဆောင်း အချိန်ပို ၁ မိနစ်တွင် ပြန်လည်သွင်းယူခဲ့ပါတယ်။့ပွဲချိန်မိနစ် ပြည့်တဲ့အချိန်မှာတော့ နှစ်ဖက်အသင်းတွေက တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

MPT Myanmar National Laegue Youth (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁ ပွဲစဉ်တွင်လည်း အသင်းတိုင်းက ပြိုင်ဆိုင်မှုပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစားသွားကြပြီး ယခုပွဲစဉ်ဖြစ်တဲ့ စစ်ကိုင်းအသင်းနှင့် တက္ကသိုလ်အသင်းတွေကတော့ သရေတစ်မှတ်စီပဲရရှိခဲ့ကြပါတယ်။ ကဲ့ ပရိသတ်ကြီးရေ နောက်ထပ်ဘယ်အသင်းတွေက ဘယ်လိုရလဒ်တွေထွက်ပေါ်မလဲ၊ ပရိသတ်တွေအတွက်လည်း အကောင်းဆုံး ပွဲစဉ်တွေဖြစ်လာမလားဆိုတာကိုစောင့်မျှော်ကြည့်ရှုကြပါဦးနော်...။

Photo Credit - Myanmar National League

Source - Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။