အမိုက်စားသီချင်းများစွာကို ကိုယ်တိုင်ဖန်တီးရေးသား သီဆိုသူကတော့ အဆိုတော်မလေး ပိုပိုပဲ ဖြစ်ပါတယ်။ သူမကတော့ ဆယ်စုနှစ်တိုင်အောင် ဂီတလမ်းကြောင်းမှာ အောင်မြင်မှုတွေများစွာနဲ့ လျှောက်လှမ်းနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ သီချင်းဟောင်းလေးတွေဟာလည်း ယနေ့ထိတိုင် ပရိသတ်တွေကြားမှာ နားထောင်ကောင်းတဲ့ သီချင်းတွေအဖြစ် ကြားနေရဆဲပါပဲနော်။

Photo Credit - Po Po’s Facebook Page
Photo Credit - Po Po’s Facebook Page
Photo Credit - Po Po’s Facebook Page

ပိုပိုဟာ လတ်တလောမှာတော့ နယ်ဖျော်ဖြေပွဲတွေကို တောက်လျှောက် သွားရောက် ဖျော်ဖြေနေရတာလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးရိုးမရှိဘဲ ကိုယ့်ဒူးကိုယ်ချွန်ဘဝဖြင့် အောင်မြင်လာတာကြောင့်လည်း ပရိသတ်တွေအားလုံးက ချီးကျူးနေရတာပါ။ သူမရဲ့ သီချင်းသီဆိုဖျော်ဖြေတဲ့ ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေထံ မကြာခဏ ဝေမျှပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။  

Photo Credit - Po Po’s Facebook Page
Photo Credit - Po Po’s Facebook Page
Photo Credit - Po Po’s Facebook Page

အခုတစ်ခါမှာလည်း လွိုင်ကော်မြို့မှာ သီဆိုဖျော်ဖြေခဲ့တဲ့ ဗီဒီယိုလေးကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ သီချင်းနာမည်လေးကတော့ " Let Me Kiss You Babe” လို့အမည်ရပြီး ပိုပိုကလည်း " Let Me Kiss You Babe အသံကတော့ အရမ်းတိုးနေတယ်

ချစ်တယ် ကယား

#popo

#ကယားဒေး" ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit - Po Po’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။