ကလေးဘဝကပင်ပရိတ်သတ်အားပေးမှုအပြည့်အဝရရှိထားပြီး ချောမောလှပတဲ့ ရုပ်ရည်လေးကြောင့်ပုရိသတို့အသည်းစွဲဖြစ်ရသူလေးကတော့ ခေးလေးယွန်းဝတီလွင်မိုးပါ။ လက်ရှိအချိန်တွင် သူမဟာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကို တည်ထောင်ထားပြီး ချစ်စရာသားသားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ပရိတ်သတ်တွေကတော့ ယွန်းဝတီလွင်မိုးရဲ့သားလေးကို အချစ်တွေပိုကာ သားအမိနှစ်ယောက်လုံးကိုပါ ချစ်ခင်အားပေးနေကြတာပဲဖြစ်ပါတယ်နော်။


Photo Credit-Yun Waddy Lwin Moe's Facebook
Photo Credit-Yun Waddy Lwin Moe's Facebook

ခေးလေးယွန်းဝတီလွင်မိုးဟာတစ်သားမွေးတသွေးလှဆိုသလိုပဲ နုပျိုလန်းဆန်းကာ လှသွေးကြွယ်နေဆဲပဲဖြစ်ပါတယ်။ မကြာသေးမီက သူမရဲ့facebookစာမျက်နှာတွင် got that yummy yummyဆိုတဲ့ captionလေးနဲ့ ချစ်စရာပုံရိပ်လေးတွေကိုတင်ပေးခဲ့ပါတယ်။ သူမဟာ ပေါ့ပေါ့ပါးပါးfashionလေးနဲ့ လိုက်ဖက်ညီစွာလှနေပြီး နှစ်လိုဖွယ်အပြုံးလေးနဲ့အင်မတန်ကိုဆွဲဆောင်မှုရှိလှပါတယ်နော်။


Photo Credit-Yun Waddy Lwin Moe's Facebook
Photo Credit-Yun Waddy Lwin Moe's Facebook

ယွန်းဝတီလွင်မိုးဟာ သြစတေးလျနိုင်ငံတွင်ပညာတော်သင်သွားရောက်နေတာဖြစ်ပြီး မြန်မာနိုင်ငံကိုအလည်ခဏပြန်လာတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရောယွန်းဝတီလွင်မိုးလေးကိုချစ်ကြတယ်မလား။ ကလေးတစ်ယောက်လိုချစ်စရာကောင်းနေတဲ့ယွန်းဝတီလွင်မိုးရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Yun Waddy Lwin Moe's Facebook
Photo Credit-Yun Waddy Lwin Moe's Facebook

Source-Yun Waddy Lwin Moe's Facebook

Photo Credit-Yun Waddy Lwin Moe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။