ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေကိုယ်စီအခိုင်အမာအောင်မြင်နေကြတဲ့ ပြည်သူ့အသည်းကျော်နှစ်ယောက်ဖြစ်တဲ့ မင်းသားချောလေးပိုင်တံခွန်နဲ့ မင်းသမီးချောလေးဝတ်မှုံရွှေရည်တို့ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အတူရိုက်ကူးနေပြီဖြစ်ပါတယ်နော်..။

နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အချစ်တွေကိုရရှိထားတဲ့ မင်းသားချောလေးပိုင်တံခွန်နဲ့ ပုရိသပရိသတ်တွေရဲ့အသည်းကျော်မင်းသမီးချောလေး ရွှေကစ်တို့ကတော့ အရမ်းကို ရိုမန်တစ်ဆန်တဲ့ အချစ်ဇာတ်လမ်းလေးမှာ လိုက်ဖက်ညီတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေမြင်တွေ့ရမှာပါနော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ပိုင်တံခွန်နဲ့ ရွှေကစ်လေးတို့ရဲ့ ရိုမန်တစ်အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ “အိပ်မက်မြစ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲအခမ်းအနားကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၄)ရက်နေ့က M-3 Food Center မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်နော်..။

အသည်းကျော်လေးနှစ်ယောက်ရဲ့ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲအခမ်းအနားလေးကိုလည်း ထုတ်လုပ်သူ၊ ဒါရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ကြမယ့် အနုပညာရှင်များအပြင် စာနယ်ဇင်းမီဒီယာများလည်း တက်ရောက်ခဲ့ကြပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ရွှေကစ်လေးကတော့ မြန်မာဝတ်စုံအဖြူရောင်ဖက်ရှင်လေးကို ရိုးရိုးယဉ်ယဉ်လေး ကျော့ရှင်းလှပစွာ ဆင်မြန်းထားပြီး အပြာရောင်ဝတ်စုံလုံချည်လေးနဲ့ လိုက်ဖက်စွာ ဝတ်ဆင်ထားတဲ့ ပိုင်တံခွန်တို့ရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

ဒီကနေ့လေးမှာတော့ “အိပ်မက်မြစ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ကားကန်တော့ပွဲ အခမ်းအနားပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တာမို့ သူတို့နှစ်ယောက်ရဲ့ ရိုမန်တစ်အချစ်ဇာတ်ကားလေးကို ပရိသတ်တွေလည်း စောင့်မျှော်အားပေးကြမယ် မဟုတ်လား..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။