ပရိသတ်တွေသာ မကဘဲ အနုပညာရှင်အချင်းချင်းတောင် လေးစားချစ်ခင်နေရသူကတော့ ထိပ်တန်းသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အနုပညာလမ်းကြောင်းမှာ ယနေ့ထိတိုင် အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေ အဖြစ် ရပ်တည်နေကြသူတွေပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေရုံသာမကဘဲ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကိုလည်း ဖန်တီးတည်ဆောက်ထားနိုင်သူတွေပဲ ဖြစ်ပါတယ်။

Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page

ပရိသတ်တွေကလည်း သူတို့မိသားစုဘဝလေးကို ကြည့်ပြီး ကြည်နူးအားကျနေရတာပါ။ အူဝဲတို့ဇနီးမောင်နှံဟာ အားလပ်ချိန်တိုင်းကိုလည်း သားနဲ့သမီးနဲ့အတူ ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေ အတူတူ ဖြတ်သန်းကုန်ဆုံးကြတာလည်း ဖြစ်ပါတယ်။ ကလေးတွေ ကျောင်းပိတ်ချိန်တိုင်းကိုလည်း အလုပ်တွေကိုခဏနားကာ အပန်းဖြေခရီးလေးတွေလည်း လိုက်ပို့ပေးတတ်ကြပါသေးတယ်။

Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- May Toe Khine's Facebook Page

အခုမှာလည်း အူဝဲရဲ့ တူမဖြစ်သူ မေတိုးခိုင်ရဲ့ Instagram Stories မှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ မမသုသုနဲ့အတူ လွတ်လပ်ပေါ့ပါးစွာ ပျော်ပျော်ပါးပါး ဒန်းစီးနေတဲ့ ဖိုးဓီလေးရဲ့ ဗီဒီယိုလေးပါ။ ဖိုးဓီလေးနဲ့သုသုလေးတို့ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source- May Toe Khine’s Facebook Myday

Photo Credit- Eaindra Kyaw Zin’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။