မင်းသမီးချောလေး မိုးယုစံက အနုပညာနယ်ပယ်မှာ ယနေ့အချိန်ထိနေရာလေးတစ်ခုကို ချေခြနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုလည်း အခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမက ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်း အပြုံးချိုချိုလေးတွေနဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အနုပညာလောကမှာ အောင်မြင်လာတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ မင်းသမီးချောလေးမိုးယုစံက အနုပညာအလုပ်တွေကိုလည်း အရင်ကထက်ပိုမိုလုပ်ကိုင်လာပြီး ပရိသတ်တွေအတွက်နောက်ထပ် သူမပါဝင်သရုပ်ဆောင်ထားဇာတ်ကားတွေကို ချပြသွားမှာလည်းဖြစ်ပါတယ်၊


Photo Credit - Moe Yu San's Facebook
Photo Credit - Moe Yu San's Facebook

ယခုမှာဆိုရင် မင်းသမီးချောလေး မိုးယုစံက ကျောင်းဆရာမလေး တစ်ယောက်လို ဟန်ပန်အမူအရာလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးမှာတော့ မိုးယုစံက အဖြူအစိမ်း ကျောင်းဝတ်စုံလေးကိုဝတ်ပြီး ကျောင်းဆရာလေးတစ်ယောက်လိုချစ်စရာအပြုံးလေးတွေနဲ့ ပရိသတ်တွေကို ညို့ယူဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်။ ဆရာမလေး မိုးယုစံရဲ့ အပြုံးလေးတွေကလည်း မြင်သူတကာရဲ့ရင်ထဲမှာ ချစ်ခြင်းမေတ္တာကိုအ ပြည့်အဝ ရရှိစေမှာအမှန်ပါနော်..။

Photo Credit - Moe Yu San's Facebook
Photo Credit - Moe Yu San's Facebook

ပရိသတ်ကြီးကလည်း မိုးယုစံရဲ့ လှရက်လွန်းနေတဲ့ ဆွဲမက်စရာကောင်းတဲ့ ချစ်စရာပုံရိပ်လေးတွေကိုအသည်းလေးတွေ ပေးလိုက်ပါဦးနော်..။ ကျောင်းဆရာလေးတစ်ယောက်လို လှသွေးကြွယ်နေတဲ့ မိုးယုစံရဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး မိုးယုစံရဲ့ ချစ်စရာကောင်းလောက်တဲ့ ပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Moe Yu San's Facebook

Source - Moe Yu San's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။