ပရိသတ်တွေတစ်ခဲနက်အားပေးဝန်းရံကြတဲ့ တေးသံရှင်ချမ်းချမ်းဟာဆိုရင် အသံချိုချိုလေးကိုပိုင်ဆိုင်ထားပြီး သူမသီဆိုလိုက်တဲ့သီချင်းလေးတွေက နားထောင်သူရဲ့ရင်ထဲကိုတိုက်ရိုက်ထိတဲ့အတွက်ကြောင့် အမြဲတမ်းနားထောင်နေလည်းမရိုးသွားပါဘူးနော်။ချမ်းချမ်းကလက်ရှိမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ချစ်သမီးလေးရဲ့အနာဂတ်အတွက်ကြိုးစားလုပ်ဆောင်နေတဲ့ မိခင်ကောင်းတစ်ယောက်ပါနော်။

Photo Credit:Chan Nyein's Page
Photo Credit:Chan Nyein's Page
Photo Credit:Chan Nyein's Page

ချမ်းချမ်းရဲ့ သမီးချောလေးကလည်းအမေနဲ့တူလို့ ဘိုဆန်ဆန်လှပပြီး ဆံပင်ကောက်ကောက်လေးတွေနဲ့အရမ်းချစ်စရာကောင်းပါတယ်နော်။ချမ်းချမ်းကလည်း သမီးလေးကိုသေချာပြုစုစောင့်ရှောက်ပေးပြီး သင်ကြားပြသပေးတာကြောင့် သမီးလေးက လိမ္မာရေးခြားရှိပြီးထက်မြက်စွာနဲ့ကြီးပြင်းလာတဲ့ သမီးကောင်းရတနာလေးဖြစ်ပါတယ်။ချမ်းချမ်းတို့သားအမိနှစ်ယောက်လုံးကို ပရိသတ်တွေကလည်းချစ်ကြပြီး အားပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Chan Nyein's Page
Photo Credit:Chan Chan's Page

အခုလက်တလောမှာဆိုရင်တော့ ချမ်းချမ်းက ကယားပြည်နယ်၊လွိုင်ကော်မြို့ကို ဖျော်ဖြေပွဲအတွက်သွားရောက်ပြီး သမီးလေးကိုပါသူမနဲ့အတူတူခေါ်သွားတာဖြစ်ပါတယ်။ချမ်းချမ်းရဲ့သမီးလေးကလည်း စင်ပေါ်မှာသီချင်းဆိုနေတဲ့မေမေ့ကို စင်အောက်ကနေပြီး တစ်ခဲနက်အားပေးနေတဲ့ ချစ်စရာပုံရိပ်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ 

Photo Credit:Chan Chan's Page
Photo Credit:Chan Chan's Page
Photo Credit:Chan Chan's Page

Photo Credit:Chan Chan's Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။