အဆိုတော် ၊ သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ ချစ်စရာကောင်းတဲ့သမီးချောလေးကို မွေးဖွားထားတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အိမ်ထောင်ပြုပြီး နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တဲ့ စန္ဒီမြင့်လွင်ရဲ့ဘဝထဲကိုတော့ မကြာသေးခင်ကမှ သမီးချောလေးက ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အသက် (၆) လအရွယ်ရှိပြီဖြစ်တဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးက ပါးဖောင်းဖောင်းလေးတွေနဲ့မို့ မြင်သူတိုင်းကချစ်နေရတာ ဖြစ်ပါတယ်။

Photo Credit- Sandy Myint Lwin's FB
Photo Credit- Thidar Khin's FB
Photo Credit- Thidar Khin's FB

မွေးကင်းစအရွယ်ကတည်းက ဖောင်းဖောင်းကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးက မိသားစုရဲ့ဆည်းလည်းလေးဆိုရင်လည်း မမှားပါဘူး။ အခုတော့ စန္ဒီမြင့်လွင်တို့မိသားစုလေးက နှစ်သစ်ရဲ့ခရီးစဉ်အသစ်လေးအဖြစ် ငွေဆောင်ကမ်းခြေကို လူစုံတက်စုံနဲ့ ခရီးထွက်နေကြတာ ဖြစ်ပါတယ်။ ဒီခရီးစဉ်လေးမှာတော့ Treasure လေးက မေမေစန္ဒီမြင့်လွင်နဲ့ အင်္ကျီဆင်တူလေးတွေဝတ်ပြီး ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။

Photo Credit- Thidar Khin's FB
Photo Credit- Thidar Khin's FB
Photo Credit- Thidar Khin's FB

ဒါ့အပြင် Treasure လေးက ကမ်းခြေကိုရောက်တုန်းမှာ ဘွားဘွားရဲ့လက်ပေါ်မှာငြိမ်ငြိမ်လေးထိုင်ပြီး အပန်းဖြေခဲ့ပါသေးတယ်။ ဘွားဘွားက ပွေ့ချီထားတာကို မျက်လုံးအဝိုင်းသားလေးနဲ့ လိုက်ကြည့်နေတဲ့ Treasure လေးရဲ့အမူအရာလေးတွေကလည်း တကယ့်ကိုအသည်းယားစရာကောင်းနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ငွေဆောင်ကမ်းခြေမှာ ဘွားဘွားနဲ့အတူပျော်ရွှင်နေတဲ့ စန္ဒီမြင့်လွင်သမီးလေး Treasure ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Thidar Khin's FB & Sandy Myint Lwin's FB  

Photo Credit- Thidar Khin's FB
Photo Credit- Thidar Khin's FB
Photo Credit- Thidar Khin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။