ဒီနှစ် MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲမှာလည်း အသင်းတိုင်းက ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာကိုလည်းတွေ့ရပါတယ်။လက်ရှိ ချန်ပီယံအသင်းဖြစ်တဲ့ ရှမ်းယူနိုင်တက်အသင်းကတော့ ၂၀၁၉ ခုနှစ်မှာလည်း အကောင်းဆုံး ရလဒ်ကောင်းတွေကိုလည်း ရရှိခဲ့ပြီး ချန်ပီယံဆုတံဆိပ်ကိုလည်း ကိုင်မြောက်နိုင် ခဲ့တဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ဒီနှစ် MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲမှာလည်း ရှမ်းယူနိုက်တက် အသင်းနည်းပြက "ဒီနှစ်ဘောလုံးရာသီက ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရာသီဖြစ်သွားပြီး..ဧရာဝတီလည်းကောင်းလာပြီး သူတို့ လူတွေလည်းစုထားပြီး အများကြီးလုပ်တယ်.. ရန်ကုန်လည်းအများကြီးပြင်ထားတယ်..ဘက်ပေါင်းစုံကနေ ပြင်စင်ထားတယ်..ရတနာပုံအသင်းလည်းလာပြီး ဟံသာဝတီလည်းပြင်ဆင်ထားတယ် ကြိုပြီးတော့တောင်ပြင်စင်ထားသေးတယ်...ကျွန်တော်တို့ အားလုံးထက်ပိုပြီ ပြင်စင်ထားတာပါ...ကျန်တဲ့အသင်းတွေကလည်း ကောင်းပါတယ်....ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အသင်းကြီး..အသင်းငယ်ဆိုတာ မရှိတော့ဘူးလို...မနှစ်ကထက်လည်း အပြိုင်အဆိုင်ကစားလာကြမှာပါ ကျွန်တော်တို့ က ပြိုင်ဘက်တိုင်းကို လေးလေးစားနဲ့ ကစားမှာပါ..ပရိသတ်တွေကိုလည်းဖျော်ဖြေမှုရမယ် ကျွန်တော်တို့တွေလည်း အမှတ်ရမယ်..ချန်ပီယံလည်းဖြစ်မယ်ဆိုတဲ့ပုံစံနဲ့ ကျွန်တော် ရအောင်ကစားသွားမှာပါ "ဆိုပြီး ပြောကြားထားပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ရှမ်းယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီ ၁၈ ရက်၊ ညနေ သုံးနာရီခွဲ၊ ပဲခူးမြို့ Grand Royal ကွင်းမှာ အိမ်ရှင်ဟံသာဝတီယူနိုက်တက်အသင်းနဲ့ အမှတ်ပေး ဒုတိယ မြောက် ပွဲစဉ်အဖြစ် ကစားရမှာဖြစ်ပါတယ်။ ဟံသာဝတီယူနိုက်တက်အသင်းဟာ ပွဲဦးထွက်ပွဲစဉ်မှာ ရခိုင်ယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပြီး ရှမ်းယူနိုက်တက်အသင်းကလဲ ပွဲဦးထွက်မှာ ISPE အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။

Photo Credit - Myanmar National League

Source - Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။