ပရိသတ်ကြီးရေ မင်းသမီးချောလေးပိုးအိအိခန့်ကတော့ သားချောလေးတစ်ယောက်ကိုမွေးဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပြီး ချစ်ခင်ပွန်းအောင်သူနဲ့အတူပျော်ရွှင်ချမ်းမြေ့စရာမိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ပိုးအိအိခန့်နဲ့အောင်သူတို့နှစ်ယောက်က အေးအတူပူအမျှနဲ့လက်တွဲနေထိုင်နေကြပြီး သားသားလေးရဲ့အနာဂတ်အတွက်လည်းတက်ညီလက်ညီကြိုးစားနေကြတဲ့ဇနီးမောင်နှံနှစ်ယောက်ပဲဖြစ်ပါတယ်နော်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

ပိုးအိအိခန့်တို့ဇနီးမောင်နှံနှစ်ယောက်က သားသားလေးကို ကိုကိုးလို့ချစ်စနိုးခေါ်ဝေါ်ကြပြီး နာမည်အရင်းကတော့ "သွင်ဦးဟန်"လို့ နာမည်လေးပေးထားတာဖြစ်ပါတယ်။ကိုကိုးလေးကတော့ ဖေဖေအောင်သူနဲ့ချွတ်စွပ်တူပြီး မျက်နှာချိုတဲ့ကလေးလေးဖြစ်လို့ တွေ့မြင်တဲ့သူတိုင်းကချစ်ခင်ကြပါတယ်။မေမေပိုးအိအိခန့်ကလည်း ကိုကိုးလေးကို အစစအရာရာသေချာဂရုစိုက်ပေးပြီး ပြုစုပျိုးထောင်နေတာကြောင့် သားသားလေးကကျန်းမာစွာနဲ့ကြီးပြင်းလာတာပါနော်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's FacebookPhoto Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

ကိုကိုးလေးက မကြာခင်မှာ(၆)လပြည့်တော့မှာဖြစ်ပြီး အသားလေးကလည်းဖြူဖွေးဥနေကာ ပါးဖောင်းဖောင်းလေးနဲ့ တစ်နေ့တစ်ခြားပိုပိုချစ်ဖို့ကောင်းလာပါတယ်နော်။အမြဲတမ်းရယ်မောနေတတ်ပြီး အရမ်းမျက်နှာချိုတဲ့ကိုကိုးလေးက အခုဆိုရင်လည်း မေမေ့ကိုစကားတွေပြောနေပြီး တစ်ခစ်ခစ်နဲ့ရယ်မောကာ ပျော်ရွှင်နေတဲ့ချစ်စရာဗီဒီယိုဖိုင်လေးကိုပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

Photo Credit:Poe Ei Ei Khant's Facebook

Video Credit:Poe Ei Ei Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။