မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ထူးအောင်ကတော့ နှုတ်ခမ်းနီမလေးလေးတွေရဲ့ အသည်းကျော် မင်းသားချောလေးတစ်လက် ဖြစ်ပါတယ်။ အရပ်ရှည်ပြီး ရုပ်ဖြောင့်တဲ့ ထူးအောင်က နိုင်ငံခြားမင်းသားတစ်ဦးလို ချောမောခန့်ညားပြီး အမြဲလိုလို စတိုင်ကျကျ ပြုမူနေထိုင်တတ်သူလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ထူးအောင်က အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေရပြီး ပိုမိုအောင်မြင်လာတာ တွေ့ရပါတယ်။

Photo Credit :Htoo Aung Facebook
Photo Credit :Htoo Aung Facebook

အမိုက်စားခန္ဓာကိုယ်နဲ့ နိုင်ငံခြားမင်းသားတစ်ဦးလို့တောင် ထင်မှတ်ရလောက်တဲ့ ထူးအောင်က ကြော်ငြာ၊ သီချင်းဗီဒီယိုတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရတဲ့အပြင် ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ထူးအောင်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လတ်တလောမှာတော့ NIVEA Floral Whitening Fashion Show လေးကိုတက်ရောက်ခဲ့တဲ့ ဆွဲဆောင်မှုရှိရှိ လန်းလွန်းနေတဲ့ အမိုက်စားပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit :Htoo Aung Facebook
Photo Credit :Htoo Aung Facebook

ပုံလေးထဲမှာ အရမ်းချစ်ဖို့ကောင်းလွန်းပြီး ညို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိလွန်းတာကြောင့် နူတ်ခမ်းနီမလေးတွေ ကြွေနေတာအမှန်ပဲဖြစ်ပါတယ်။အခုတလောမှာတော့ ထူးအောင်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးတွက် ထူးအောင်ရဲ့ အလန်းစားပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Photo Credit :Htoo Aung Facebook
Photo Credit :Htoo Aung Facebook

Source:Htoo Aung Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။