သွယ်လျကျစ်လှစ်တဲ့ ခန္ဓာကိုယ်လေးနဲ့ ပြေပြစ်လှပတဲ့ကောက်ကြောင်းကို ပိုင်ဆိုင်ထားသူလေးကတော့ ပုရိသတွေသည်းသည်းလှုပ်ချစ်ရတဲ့ မင်းသမီးချောလေး မအေးသောင်းပဲ ဖြစ်ပါတယ်။ ကိုကို၊မောင်မောင်တွေဝိုင်းဝိုင်းလည်နေလောက်အောင် အားပေးမှုရရှိနေတဲ့ မအေးသောင်းကတော့ နက်မှောင်တောက်ပတဲ့ဆံနွယ်ရှည်လေးတွေ၊ မြန်မာဆန်ဆန်ဝတ်စားဆင်ယင်မှုလေးတွေနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို သိမ်းပိုက်လာခဲ့တာဟာ တစ်ခေတ်တစ်ချိန်ကတည်းက ဖြစ်ပါတယ်။

Photo Credit- Aye Thaung's FB
Photo Credit- Aye Thaung's FB
Photo Credit- Amazing Grace

အေးဝတ်ရည်သောင်းအဖြစ်ကနေ မအေးသောင်းအဖြစ် လက်ရှိမှာအောင်မြင်နေတဲ့ သူမက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးလို့နေတာ ဖြစ်ပါတယ်။ မအေးသောင်းက အသက်(၃၀) ကျော်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် အရွယ်တင်နုပျိုမှုကတော့ မိန်းကလေးချင်းတောင် ငေးလောက်ပါတယ်နော်။ အခုလည်း မအေးသောင်းက မြင်သူတိုင်း အသည်းတွေကြွေသွားနိုင်မယ့်ပုံစံမျိုးနဲ့ Tik Tok ကစားပြလိုက်ပါတယ်။

Photo Credit- Aye Thaung's FB
Photo Credit- Amazing Grace
Photo Credit- LiJohn Photography

ဒီဗီဒီယိုလေးမှာတော့ မအေးသောင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ ခြေလှမ်းတွေနဲ့ တစ်လှမ်းချင်းလျှောက်လှမ်းလာရင်း ပုခုံးပေါ်ကကုတ်အင်္ကျီလေးကို ဟန်ပါပါချွတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ အကြည့်တွေနဲ့တင်ရူးခါသွားစေနိုင်လောက်တဲ့ မအေးသောင်းကတော့ စွဲမက်ဖွယ်ကောင်းလောက်အောင် လှနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မအေးသောင်းရဲ့ အမိုက်စား Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Aye Thaung's FB & Tik Tok 

Photo Credit- LiJohn Photography
Photo Credit- Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။