ပရိသတ်တွေရဲ့အချစ်တော်သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ MRTV-4 ရုပ်သံဇာတ်ကားတွေနဲ့ ပရိသတ်တွေရင်ထဲရောက်ရှိလာခဲ့ပြီး ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကိုပါ သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်..။

ဇာတ်လမ်းတွဲတော်တော်များများကို ရိုက်ကူးထားပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနေတဲ့ ပိုးကြာဖြူခင်ကတော့ ဆွဲဆောင်မှုရှိပြီး အေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့လည်း ဖမ်းစားတတ်သူလေးပါ..။


Photo Credit – Poe Kyar Phyu Khin’s Facebook
Photo Credit – Poe Kyar Phyu Khin’s Facebook

ပရိသတ်အချစ်တော်လေး ပိုးကြာဖြူခင်ကတော့ ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့်လည်း တရှိန်ထိုးအောင်မြင်မှုတွေ ရရှိထားပြီး ပီပြင်တဲ့ ဇာတ်ရုပ်တွေအတွက်လည်း အကောင်းဆုံးကြိုးစားခဲ့သလို ညိုမဲစွဲဒဏ်ရာတွေရကာ အသက်စွန့်ရိုက်ခဲ့ရတဲ့ ဇာတ်ကားတွေအကြောင်းလည်း ပြောပြလာပါတယ်နော်..။

မကြာခင်မှာ ထုတ်လွှင့်ပြသတော့မယ့် “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲလေးမှာ အရင်ကဆိုင်းမိုင်နဲ့ လုံးဝမတူဘဲ ရဲရင့်တဲ့ပုံစံတွေကို မြင်တွေ့ရမှာဖြစ်ပြီး ယောကျ်ားရင့်မာကြီးတွေနဲ့ အပြိုင်ဖိုက်ကာ တံတောင်ဆစ်တွေ ဒူးခေါင်းတွေမှာ တစ်လလောက်ကြာတဲ့အထိ မပျောက်ခဲ့တဲ့ ညိုမဲစွဲဒဏ်ရာတွေရကာ အသက်စွန့်ရိုက်ခဲ့ရတဲ့ အကြောင်းလေးတွေ ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit – Poe Kyar Phyu Khin’s Facebook
Photo Credit – Poe Kyar Phyu Khin’s Facebook

အရင်က ပထမဆုံးကားမောင်းသင်တဲ့အချိန်မှာပဲ ကားတိုက်ထားလို့ ကားမောင်းရမှာအရမ်းကြောက်ခဲ့ပြီး ဘယ်တော့မှ ကားမမောင်းတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အဲ့ဒီကားရိုက်တော့ မမောင်းလို့ မရတော့လို့ တကယ်ဖစ်ညှစ်ပြီးတော့ ကားမောင်းတဲ့အခန်းတွေကြိုးစားပြီး သရုပ်ဆောင်ထားတယ် ဆိုပြီးတော့လည်း အမှတ်တရလေးတွေကို ပြောပြထားပါသေးတယ်..။

“မာယာလှည့်ကွက်” ဇာတ်လမ်းတွဲက စိတ်ရောလူရော အပင်ပန်းဆုံး ဇာတ်လမ်းတွဲလို့လည်း ပြောလို့ရသလို အိုင်တင်တွေကအစ အရမ်းကို ဟဲဗီးဖြစ်တာမို့ တကယ်အခက်အခဲတွေကြားထဲက ကြိုးစားရိုက်ထားတဲ့ ကားလေးဖြစ်တဲ့အတွက် အများကြီးမျှော်လင့်ထားပြီး အရမ်းရင်ခုန်နေတဲ့အကြောင်း ပြောပြထားတဲ့ ပိုးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Poe Kyar Phyu Khin’s Facebook
Photo Credit – Poe Kyar Phyu Khin’s Facebook

Photo Credit – Poe Kyar Phyu Khin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။