ပရိသတ်ကြီးရေ....ကမ္ဘာ့ တစ်လွှား ထင်ရှားကျော်ကြားသော နန်းတော်စံအိမ်တွေ၊ နိုင်ငံ့အကြီးအကဲများ ရုံးစိုက်ရာ ဌာနတွေထဲကမှ တစ်ခုဖြစ်တဲ့ "Lafortaleza" (လာဖိုတာလေဇာ) ခံတပ်မြို့ရိုးကြီးအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလောအနုပညာရှင်သတင်း၊ အားကစားသတင်း( E-sports) အပါအဝင်၊ ကမ္ဘာ့ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

လာဖိုတာလေဇာဟာ ခံတပ်မြို့ရိုးတစ်ခုဖြစ်ပြီး လက်ရှိမှာ "Puerto Rico" အုပ်ချုပ်ရေးမှူးရုံးအဖြစ် အသုံး ပြုလျက်ရှိပါတယ်။ အဲ့ခံတပ်ကြီးဟာ ခေတ်သစ်ကမ္ဘာရဲ့ ရှေးအကျဆုံးသော အာဏာပိုင်တို့ ရုံးစိုက်ရာ အိမ်ဂေဟာကြီး တစ်ခုလည်းဖြစ်ပါတယ်။ ၁၅၃၃ ခုနှစ်နှင့် ၁၅၄၀ ခုနှစ်အတွင်းတည်ဆောက်ခဲ့တာဖြစ်ပြီး မြို့တော်ကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့တာလို့ သိရှိရပါတယ်။ စစ်ဘက်ဆိုင်ရာ အဆောက်အဦး တစ်ခုဖြစ်တဲ့အပြင် "San Juan" ဆိပ်ကမ်းကို ကာကွယ် စောင့်ရှောက်ရန်အတွက်လို့လည်း ပြောလို့ရပါတယ်။

photo credit pngtree

ယခုအခါမှာ ရှေးဘုရင်တို့ နေထိုင်ခဲ့ကြတဲ့ နန်းတော်စံအိမ်များ၊ ဒါ့အပြင် လက်ရှိ နိုင်ငံခေါင်းဆောင်တို့ ရုံးစိုက်နေထိုင်ကြတဲ့ အဆောက်အဦးများကို လူအများက စိတ်ဝင်တစား သွားရောက်ကြည့်ရှုကြတာ ဖြစ်ပါတယ်။ သို့သော် အချို့သော စံအိမ်များဟာ ပြည်သူများ သွားရောက် လည်ပတ်ကြည့်ရှု နိုင်သော်လည်း များသောအားဖြင့်တော့ အနီးသို့ကပ်၍ပင် လုံခြုံရေးများက တင်းတင်းကြပ်ကြပ် စောင့်ကြပ်လျက်ရှိနေတာကို ကမ္ဘာအနှံ့မှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။