ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ချောရတနာကတော့ ယခုနောက်ပိုင်းမှာအနုပညာအလုပ်တွေကိုအနည်းအကျဉ်းပြန်လည်လုပ်ဆောင်နေတာဖြစ်ပါတယ်။ချောရတနာက သားတစ်ယောက် သမီးတစ်ယောက်ကိုလည်းမွေးဖွားထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ချောရတနာကတော့ တစ်သားမွေးတစ်သွေးလှဆိုသလို ကလေးနှစ်ယောက်အမေလို့ထင်ရက်စရာမရှိလောက်အောင် လှပနုပျိုနေတာဖြစ်ပါတယ်။
ချောရတနာရဲ့ချစ်ခင်ပွန်းကလည်း ဇနီးသည်ကိုစိတ်ချမ်းသာအောင်ထားပေးပြီးကလေးတွေကိုလည်းလိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ပေးနေတဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ချောရတနာရဲ့သားနဲ့သမီးကတော့ အမေတူလေးတွေဖြစ်လို့ ချစ်မွှေးလေးတွေပါပြီး "မျက်နှာမြင်ချစ်ခင်ပါစေ"ဆိုတဲ့ဆုနဲ့ပြည့်ဝတာကြောင့် လူချစ်လူခင်ပေါများတဲ့ ကလေးလေးတွေပဲဖြစ်ပါတယ်နော်။
ချောရတနာကတော့ အားတဲ့အချိန်တိုင်းမှာသားနဲ့သမီးကို အဖော်လုပ်ပေးပြီးအတူတူဆော့ကစားပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ရေဆော့ရတာအရမ်းကြိုက်တဲ့သားနဲ့သမီးကို အဖော်လုပ်ပြီး ရေကူးကန်ထဲမှာရေကစားနေတာဖြစ်ပါတယ်။ချောရတနာက"အမေကချမ်း သူတို့ကအေးဆေး"ဆိုပြီး အရမ်းပျော်နေတဲ့သမီးလေးရဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်မျှဝေပေးလာတာဖြစ်ပါတယ်နော်။
Photo Credit:Chaw Yadanar's Facebook
Video Credit:Chaw Yadanar's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။